Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုကာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုကာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာခေတ်ဟောင်းချိုးဖျက်ဒို့မျိုးဆက်သပိတ်စစ်ကြောင်း မှ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “ငါတို့လူငယ် မျိုးဆက်ကုန်မှ ဒီနိုင်ငံကို အုပ်ချုပ်လို့ရမယ်” စာသားတွေကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ ဒီကနေ့မှာ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊ “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” စာသားကို ကိုင်ဆောင်ကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ်ဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။