Connect with us

Hi, what are you looking for?

သတင်း

KNUဖမ်းမိသည့် မူးယစ်ဆေးပြား ၆သန်းကျော် ထိုင်းတာဝန်ရှိသူများစစ်ဆေးပြီးနောက် မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်အတွင်းမှာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁၀၀၀၀၀ကျော် (ဆေးပြား ၆သန်းကျော်)ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။

ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော ကာလတန်ဖိုး ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ (WY) ဆေးပြားများကို မီးရှို့ဖျက်ဆီးသည့် မြင်ကွင်း။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်အတွင်းမှာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁၀၀၀၀၀ကျော် (ဆေးပြား ၆သန်းကျော်)ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။

ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို KNU မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေးကော်မတီ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့က ဖားအံခရိုင်၊ တပ်မဟာ(၇) ဌာနချုပ်၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ဟု အသိပေးသည်။

“ကေအဲန်ယူသည် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ မူးယစ်ဆေးဝါးများ စစ်ဆေးအတည်ပြုပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်”ဟု KNU ဗဟိုက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါမူးယစ်ဆေးဝါးများဖမ်းဆီးရရှိခဲ့သည့် နေရာဒေသနှင့် ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့များ၏ အမည်စာရင်းကိုလည်း ဖော်ပြခဲ့သည်။

ဖားအံ(ဘားအံ)ခရိုင် နဘူးမြို့နယ်မှ WY ဆေးပြား ၁၂၀၀၀၀ကို KNLA တပ်ရင်း(၁၀၁)က ဖမ်းမိခဲ့ကြောင်း၊ သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ဒုတိယဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်သော KNLA တပ်ဖွဲ့ကယခုနှစ် ဧပြီလ ၂၇ရက်တွင် WY ဆေးပြား ၆သန်းနီးပါး(၅,၉၉၀,၀၀၀ ပြား) ကို ဖမ်းမိခဲ့ကြောင်း၊ ယခုနစ် မေလတွင် ပိုင်ကျုံ မြို့နယ်၌ KNLA တပ်ရင်း(၁၉) က WYဆေးပြား ၇,၉၀၁ ပြား ဖမ်းမိခဲ့ကြောင်း အသိပေးပြီး ယင်းဆေးပြားများကို ယနေ့တွင် မီးရှိုခဲ့ဟု ထုတ်ပြန်သည်။

မူးယစ်ဆေးဝါး(WY) ဆေးပြားများ ဖျက်ဆီးခြင်း အခမ်းအနားကို KNU (ဗဟို) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ KNU ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူး၊ ဖားအံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ KNLA စစ်ဌာနချုပ်-ဒုတိယဗိုလ်မှူးကြီးစောခင်လေး၊ KNLA တပ်မဟာ(၇)မှ တပ်ရင်းမှူးများနှင့်တပ်ရင်းတာဝန်ရှိသူများ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ တာဝန်ရှိသူများ၊ ဖားအံခရိုင် တာဝန်ရှိသူများ၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် နှင့် ထိုင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ဟု ဆိုသည်။

KNUသည် မူးယစ်ဆေးဝါးရောင်းချကုန်ကူးခြင်းနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်းလည်း ထပ်လောင်းအသိပေးသည်။

ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိသည့်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူများကို အဆင့်ဆင့်အပြစ်ပေးအရေးယူမှုများလုပ်ဆောင်လျက်ရှိကာ ထိန်းသိမ်းဖမ်းဆီး ရရှိခဲ့သော မူးယစ်ဆေးဝါးများကိုလည်း ဖျက်ဆီးမှုများအစဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။