Connect with us

Hi, what are you looking for?

သတင်း

မှောင်ခိုသယ်လာသည့် ရှားပါးပန်ဒါနီလေးများကို PDF ကယ်တင်၊ မူရင်း‌ဒေသသို့ ပြန်လွှတ်မည်

မှောင်ခိုသမားများထံမှ PDF များကယ်ထုတ်ခဲ့သည့် ပန်ဒါနီ​လေးများ။ ဓာတ်ပုံ - Hkalem Uma

စက်တင်ဘာ-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှားပါးမျိုးစိတ်ဖြစ်ပြီး အထူးကာကွယ် စောင့်ရှောက်ရန်ဥပဒေပြဌာန်းကာကွယ်ထားသည့်ပန်ဒါနီ (Red Panda) လေးများကို မှောင်ခို သယ်လာသူများက အင်းတော်မြို့ကိုဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့သည်။

ဒေသတွင်းလမ်းပိုင်းများအားPDF များကလုံခြုံရေးယူနေစဉ် ကားအတွင်း လှောင်အိမ်များဖြင့်ဖွက်၍သယ်ဆောင်လာသော ပန်ဒါနီ လေးများကို တွေ့ရှိခြင်းဖြစ်ပြီး သယ်ဆောင်လာသူကိုဖမ်းဆီးထားကြောင်းသိရသည်။

“ကချင်ဘက်ကနေသယ်လာတာ။ဘယ်ကိုပို့မလဲဆိုတာ မေးမြန်းဆဲပဲ။ကားသမားနဲ့ ဆက်စပ်သူတွေပါ စစ်ဆေးနေတာ ဟုတ်တယ်” ဟု အင်းတော်မြို့မှ ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထပ်မံရရှိ​သောသတင်းအရ ပန်ဒါနီစုစု​ပေါင်း ၉ ​ကောင်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်ဒါနီ လေးများကို ၎င်းတို့ကျက်စားသည့် မူရင်းဒေသသို့ ပြန်ပို့ရန်စီစဉ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးထားသည်။

ပန်ဒါနီ (Red Panda)လေးများသည် ကမ္ဘာ​ပေါ်တွင်မျိုးသုန်း​ပျောက်ကွယ်လုနီးပါးရှားပါးတိရစ္ဆာန်​လေးများဖြစ်သည်။ရေခဲတောင်ဒေသများတွင်ကျက်စားပြီးကမ္ဘာပေါ်တွင်ခန့်မှန်း အကောင်ရေ ၁၀,၀၀၀ခန့်သာ ကျန်ရှိတော့သည့် ရှားပါးမျိုးစိတ်ဖြစ်သည်။ ၎င်းတို့အား ရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၏ ကွပ်ကဲမှုဖြင့်၂၀၂၄ သြဂုတ်လတွင်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

( ​​မှောင်ခိုသမားများထံမှ PDF များကယ်ထုတ်ခဲ့သည့် ပန်ဒါနီ​လေးများ။ရုပ်သံ-Hkalem Uma)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။