Connect with us

Hi, what are you looking for?

News

အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၇၃ ဦးကို စစ်​ကောင်စီသတ်ဖြတ်ခဲ့ဟု NUG ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ သုံးလအတွင်း အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၇၃ ဦးကို သတ်ဖြတ်ထားကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ယ​နေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၅ရက်မှ မေလ ၁၅ ရက်အတွင်း စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးသူငယ်များစာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၁၈ နှစ်အောက်ကလေး စုစုပေါင်း ၇၃ ဦး‌သတ်ဖြတ်ခံခဲ့ရကြောင်း၊ ယောကျ်ားလေး ၆၃ ဦးနှင့် မိန်းကလေးကိုးဦးဖြစ်ကြောင်း၊ လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်ရင်း ပစ်သတ်ခံရသလို နေအိမ်ထဲဝင်ရောက်သတ်ဖြတ်ခံရမှုများလည်းရှိကြောင်း၊ အချို့ကလေးများသည် အိမ်ပြင်တွင် ကစားနေရင်း သေနတ်ထိမှန် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

လက်ရှိစာရင်းသည် တစ်မြို့လုံးကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်ခံရသည့် မင်းတပ်၊ ကနီ၊ ဒီမောဆိုးစသည့် သေဆုံးစာရင်းများ မပါဝင်သေးကြောင်း၊ စာရင်းများထပ်မံ တင်ပြမည်ဖြစ်ကြောင်း၊ မိုးမောက်‌မြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ်ကလေးတယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးမှုသတင်း ရရှိထားကြောင်း၊ ပြည်သူများအနေဖြင့်လည်း လူ့အခွင့်အရေးသတင်းများကို စုဆောင်းပေးပို့ရန် တိုက်တွန်းပန်ကြားလိုကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

Facebook