Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲလုံး၀လက်မခံ​ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့များကြေညာ

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကျင့်စဉ် ချိုးဖေါက်ပြီး ပြည်သူလူထု၏ နိုင်ငံရေးစိတ်ဆန္ဒအားဆန့် ကျင်၍ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ(Multi Ethnic Councils- MEC)နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများကယနေ့(စက်တင်ဘာ ၂၁ရက်)တွင် သဘောထားထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲအားလုံး၀လက်မခံဟုအသိပေးသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ရွေးကောက်ပွဲကန့်ကွက်ကြောင်း ၊ ဖက်ဒရယ် ဒီမိုက​ရေစီကိုသာလိုလား​ကြောင်ယဆန္ဒပြနေစဉ်။ ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု

စက်တင်ဘာ-၂၁၊ ၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကျင့်စဉ် ချိုးဖေါက်ပြီး ပြည်သူလူထု၏ နိုင်ငံရေးစိတ်ဆန္ဒအားဆန့် ကျင်၍ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ(Multi Ethnic Councils- MEC)နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများက ယနေ့(စက်တင်ဘာ ၂၁ရက်)တွင် သဘောထားထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲအားလုံး၀လက်မခံဟုအသိပေးသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အာဏာသိမ်းစစ်တပ်သည်၎င်းတို့လိုချင်သောရွေးကောက်ပွဲရလဒ်ကို ပုံဖေါ်ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲအား ယခုနှစ် ဒီဇင် ဘာ၂၈ရက်တွင် အပိုင်းလိုက် ရွေးကောက်ပွဲ အပိုင်း (၁) အား စတင်ကျင်းပရန် ထုတ်ပြန်ခဲ့ရာယင်းအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖက်ဒရယ်ယူနစ်များက ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP၊ ကရင်အမျိုးသားအစည်းအရုံး – KNU၊ ချင်းအမျိုးသားတပ်ဦး – CNF၊ မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD)၊ တအာင်းပြည်ကောင်စီ – TLC၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ – MSFC၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ – KSCC၊ အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) – WLB၊ လားဟူဒီမိုကရေတစ်အစည်းအရုံး -LDU၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်တော်လှန်ရေးအင်အားစုများ၊မန္တလေးနိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ (OFMPP)တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လုပ်ရပ်သည် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN)၏ ဘုံသဘော တူညီချက် (၅) ရပ်နှင့် ပြောင်ပြောင် တင်းတင်းဆန့်ကျင် နေသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်လည်း ဆန့်ကျင်လျက် ရှိဟုဖော်ပြသည်။

ထို့ပြင်စစ်တပ်ကတဖက်သတ် ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ချိုးဖေါက်ပြီး ၂ဝ၂၁ ဖေဖေါ်ဝါရီ ၁ရက်တွင် စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် ၂ဝဝ၈ ဖွဲစည်းပုံ အခြေခံဥပဒေသည် ပျက်ပြယ်ပြီး ဖြစ်ရာ စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် အခွင့်အာဏာမရှိဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် စေရန် ရည်ရွယ်၍ လုပ်ဆောင်သောအတုအယောင် ရွေးကောက်ပွဲရလဒ်များသည် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ်ယူနစ် အဖွဲအစည်းများ လိုလားသည့် ပြည်နယ်အားကောင်း ရေးမှသည် ပြည်ထောင်စုအားကောင်းရေးဖက်ဒရယ်ချဉ်းကပ်မှု (Bottom-Up Federalism Approach) အရဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်သည့်အပြင် မြန်မာ့ နိုင်ငံရေး ပဋိပက္ခကို ရေရှည်ဖြစ်ပေါ်စေပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရန် ပိုမိုခက်ခဲလာစေမည်ဟု ဆိုသည်။

တိုင်းရင်းသားလူမျိုးများကောင်စီ (MEC)နှင့် ဖက်ဒရယ်ယူနစ် အဖွဲအစည်းများအနေဖြင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ် ချဉ်းကပ်မှုဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းထားသည်နှင့်အညီ အသွင်ကူးပြောင်း ရေးကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလဆိုင်ရာ များကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိဟု အသိပေးသည်။

ထို့အပြင်ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးဖက်ဒရယ်ချဉ်းကပ်မှုအခြေခံမူဖြင့်ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင်(ရွေးကောက်ခံ) ပြည်သူ့ကိုယ်စားလှယ်များအပါအဝင်သက်ဆိုင်ရာအင်အားစုအားလုံးပေါင်းစပ်ညှိနှိင်းလျက် မဏ္ဍိုင်ကြီး (၃) ရပ်အား တည်ဆောက်ပြီး လက်တွေ့ ကျင့်သုံးနေကြပြီဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ထို့ကြောင့်စစ်တပ်က တရားမဝင်ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲအား နိုင်ငံရေးအရ လုံးဝလက်ခံသွားမည်မဟုတ်သကဲ့သို နိုင်ငံတကာမှလည်း အသိအမှတ် ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန် တိုက်တွန်းထားသည်။

စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လက်ရှိတော်လှန်ရေးအင်အားစုများအကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်း ရေးချဉ်းကပ်မှု အခြေခံဖြင့် ဖက်ဒရယ် တည်ဆောက်ရေး လုပ်ငန်းစဉ်များအား နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြု ထောက်ခံရန် လည်း တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

Trending

Facebook