Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့ထဲမှ စစ်တပ်ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ်

ထီးလင်းမြို့နှင့် ၂မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ထီးလင်း​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ထီးလင်းPDF

စက်တင်ဘာ-၂၂၊၂၀၂၅။လူအေး/People’s Spring

ထီးလင်းမြို့နှင့် ၂မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားသော စစ်​​ကောင်စီတပ်စစ်ကြောင်းကပုဏ္ဏားရွာနှင့် သရခါရွာကိုဝင်ရောက်ရန်ကြိုးစားနေခြင်းဖြစ်သည်။

“ရိက္ခာရှာထွက်တာ။ပုဏ္ဏာရွာကိုဝင်ဖို့ကြိုးစားတာ။ ဝင်မလာဘဲ လက်နက်ကြီးနဲ့ ရမ်းပစ်သွားတာ။ ဟိုတနေ့ကလည်း သရခါရွာကို အဲ့လိုပဲ ဝင်ဖို့ကြိုးစားပြီး ပြန်ဆုတ်သွားတယ်။ရိက္ခာလုဖို့ ကြိုးစားတာပါ” ဟု​ဒေသခံတဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

အင်အား ၃၀ ခန့်ရှိ‌သော စစ်တပ်စစ်ကြောင်းသည် ပုဏ္ဏားရွာအနီးကိုစက်တင်ဘာလ၂၁ ရက် နံနက် ၄ နာရီခန့်ကဝင်လာပြီးနံနက် ၈နာရီခန့်တွင် ပြန်ဆုတ်သွားခြင်းဖြစ်သည်။ သရခါရွာကိုလည်း စက်တင်ဘာလ ၁၉ရက်က ဝင်ရန်ကြိုးစားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ပုဏ္ဏားရွာနှင့် သရခါရွာသည် ထီးလင်းမြို့နှင့် ၂မိုင်ခန့်သာကွာဝေးသည်။

“ရွာတွေနားကိုရောက်လာတယ်။သူတို့ မဝင်ရဲတော့ ပြန်ဆုတ်တယ်။လက်နက်ကြီးတွေရမ်းပစ်ပြီး ဆုတ်သွားတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်စစ်​ကြောင်းများမှာ ရိက္ခာရှာသည်ဆိုခြင်းမှာ​ဒေသခံများထံမှ ရိက္ခာဝယ်ယူခြင်းထက်လက်နက်အားကိုးဖြင့် လုယက်ခြင်း ၊​​ဖောက်ထွင်းခိုးယူခြင်းမျိုးကိုသာအဓိကလုပ်​လေ့ရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထီလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်းအခိုင်အမာမရှိဘဲ ဖွဲ့စည်းပုံပျက်နေသည့်တပ်ရင်းများမှစုပေါင်းထားသည့် စစ်ကြောင်းအချို့သာရှိနေသည်။မြို့ပေါ်ရပ်ကွက် ၄ခု၊ ကျေးရွာ အုပ်စု ၈ အုပ်စုနှင့် ရွာပေါင်း ၉၃ရွာရှိပြီး စစ်ကောင်စီကမြို့ပေါ်ရှိ ရွှေထီးခန်းမနှင့်ဌာနဆိုင်ရာရုံးအချို့၊ရေမျက်နီရွာ၌သာ တပ်စွဲထားနိုင်သည်။ထိုနေရာများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကရိက္ခာလမ်းကြောင်းဖြတ်တောက်ထားသည်။

ထို့ကြောင့်စစ်တပ်စစ်ကြောင်းများသည် မြို့နှင့် ၅မိုင်ခန့်အတွင်းရှိ ရွာများကို ဝင်ရောက်ပြီး ရိက္ခာလုယူရန်မကြာခဏကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တိုက်ခိုက်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။

စစ်အုပ်စုက မကွေးတိုင်းအတွင်း ၎င်းတို့အပြည့်အဝမထိန်းချုပ်နိုင်တော့သည့်မြို့နယ်ငါးခုကိုအရေးပေါ်အခြေအနေကြေညာထားရာ ယောဒေသမှထီလင်းမြို့နယ် နှင့် ဆောမြို့နယ်လည်းပါဝင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် ရှိ သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ယောဗျူဟာ(အမှတ် ၈၁ ဗျူဟာ) တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

သတင်း

ယမန်နေ့ကလည်း တော်လှန်ရေးတပ်များက မြို့ကို ၃နာရီကြာပစ်ခတ်တိုက်ခိုက်

သတင်း

ထီးလင်းမြို့တောင်ဘက် သရခါကျေးရွာအနီးတွင် လည့်ကင်းရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။