Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မင်းတပ်မြို့ကိုဗုံးထပ်ကြဲ

မင်းတပ်မြို့ပေါ် နှစ်နေရာကို စစ်ကောင်စီက စက်တင်ဘာလ ၂၁ရက်ညနက်ပိုင်းမှာ လေကြောင်းက‌နေ ဗုံးကြဲသွားပါတယ်။

စက်တင်ဘာလ ၁၁ရက်ညက မင်းတပ်နဲ့ ကန်ပက်လက်မြို့ကြားကို စစ်တပ်ဗုံးကြဲခဲ့တာ​​​ကြောင့်နေအိမ်​တချို့ထိခိုက်ပျက်စီး​နေမှု။ ဓါတ်ပုံ-CJ

စက်တင်ဘာ-၂၃၊၂၀၂၅။လူအေး/People’s Spring

မင်းတပ်မြို့ပေါ် နှစ်နေရာကို စစ်ကောင်စီက စက်တင်ဘာလ ၂၁ရက်ညနက်ပိုင်းမှာ လေကြောင်းက‌နေ ဗုံးကြဲသွားပါတယ်။

မင်းတပ်မြို့၊ မြို့မရပ်ကွက်နဲ့နောက်ထပ်တစ်နေရာကို ည ၉နာရီ၄၀မိနစ်ခန့်မှာ ဗုံးကြဲတာပါ။

“အရပ်သားတွေနေတဲ့နေရာကို တည့်တည့်ကျတာမဟုတ်တော့ကံကောင်းတယ်။အိမ်တွေတော့ပျက်စီးတာရှိတယ်။ လူထိခိုက်မှုမရှိခဲ့ဘူး” လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြို့မှာ ညဘက်အေးအေးဆေးဆေးရှိနေတဲ့အချိန် လေကြောင်းကနေ ဗုံးလာကျဲခဲ့တာဖြစ်ပြီး ဗုံးခိုကျင်းထဲပြေးဝင်ရင်း ဒဏ်ရာရခဲ့တယ်လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“လူစိတ်မရှိတဲ့ စစ်တပ်လေ။ အေးဆေးနေကြတဲ့ နေရာကို လာကြဲတာ”လို့ အဆိုပါအမျိုးသမီးကပြောပါတယ်။

ချင်းကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်အနီးကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ရက်နေ့ညက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်း အခုတစ်ခါထပ်ပြီး ဗုံးကြဲတာဖြစ်ပါတယ်။ လက်ရှိမှာ မင်းတပ်မြို့နဲ့ ဆက်စပ်နေတဲ့ ယောဒေသမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ရေးအန္တရာယ်နဲ့ လေကြောင်းအန္တရာယ်သတိပြုဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook