စက်တင်ဘာ-၂၃၊၂၀၂၅။လူအေး/People’s Spring
စစ်ကောင်စီထိန်းချုပ်ထားတဲ့ကျောက်မဲမြို့နယ်၊ နောင်ပိန်ဈေးက ဈေးဆိုင်တိုင်းလိုလိုဖောက်ထွင်းခံလိုက်ရပြီး ဆိုင်ပိုင်ရှင်တဦးချင်းစီရဲ့ဆုံးရှုံးမှုအလွန်ကြီးမားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်မဲစျေးပြီးရင် ဒေသတွင်းအဓိကဈေးဖြစ်တဲ့ နောင်ပိန်စျေးဟာ သြဂုတ်လ၁၉ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီကထိန်းချုပ်ခဲ့တာပါ။
စက်တင်ဘာလ ၁၄ရက်နေ့ နံနက်စောပိုင်းမှာတော့ စစ်ကောင်စီကနောင်ပိန်ဈေးကို ဖွင့်ချခဲ့ပါတယ်။

Public Service Announcement
ဒေသခံတွေစစ်ဘေးရှောင်နေစဉ် ဈေးကိုဖွင့်ချခဲ့တာဖြစ်ပြီး လူစိမ်းတွေနဲ့ စစ်သားတွေဟာ ဆိုင်တွေထဲကကုန်ပစ္စည်းတွေကို ဝင်ရောက်ယူဆောင်တာတွေ့ရတယ်လို့ဒေသခံတစ်ချို့ကပြောပါတယ်။
“ကုန်ပါပြီ။ ရစရာမရှိတော့ပါဘူး။ဆိုလာပြားတွေ၊ လျှပ်စစ်ပစ္စည်းတွေဘာမှမကျန်တော့ဘူး။ အကုန်ခိုးယူသွားပြီ။ ကျမတို့ ပြန်ဝင်လို့မရသေးဘဲ ဈေးကိုဖွင့်ထားပေးလိုက်တာ မိုက်ရိုင်းလွန်းတယ်”လို့ လက်ရှိမှာစစ်ဘေးရှောင်နေရတဲ့ နောင်ပိန်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီနဲ့ TNLAဟာ နောင်ပိန်တိုက်နယ်အတွင်းက ကျေးရွာတချို့နဲ့ ကျောက်မဲမြို့ကနေ ၇ မိုင်ခန့်အကွာက ရွာတွေမှာ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။စက်တင်ဘာလ ၁၇ ရက်က နောင်ပိန်တိုက်နယ်ခဲလုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။





















































