Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဖျက်ဆီးလိုက်တဲ့ နောင်ပိန်ဈေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ကျောက်မဲမြို့နယ်၊ နောင်ပိန်ဈေးက ​ဈေးဆိုင်တိုင်းလိုလိုဖောက်ထွင်းခံလိုက်ရပြီး ဆိုင်ပိုင်ရှင်တဦးချင်းစီရဲ့ဆုံးရှုံးမှုအလွန်ကြီးမားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်က ​ဖောက်ထွင်းဖျက်ဆီးထားတဲ့ ​နောင်ပိန်​ဈေးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ-၂၃၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့ကျောက်မဲမြို့နယ်၊ နောင်ပိန်ဈေးက ​ဈေးဆိုင်တိုင်းလိုလိုဖောက်ထွင်းခံလိုက်ရပြီး ဆိုင်ပိုင်ရှင်တဦးချင်းစီရဲ့ဆုံးရှုံးမှုအလွန်ကြီးမားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်မဲစျေးပြီးရင် ဒေသတွင်းအဓိကဈေးဖြစ်တဲ့ နောင်ပိန်စျေးဟာ သြဂုတ်လ၁၉ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီကထိန်းချုပ်ခဲ့တာပါ။

စက်တင်ဘာလ ၁၄ရက်နေ့ နံနက်စောပိုင်းမှာတော့ စစ်ကောင်စီကနောင်ပိန်ဈေးကို ဖွင့်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေစစ်ဘေးရှောင်နေစဉ် ဈေးကိုဖွင့်ချခဲ့တာဖြစ်ပြီး လူစိမ်းတွေနဲ့ စစ်သားတွေဟာ ဆိုင်တွေထဲကကုန်ပစ္စည်းတွေကို ဝင်ရောက်ယူဆောင်တာတွေ့ရတယ်လို့ဒေသခံတစ်ချို့ကပြောပါတယ်။

“ကုန်ပါပြီ။ ရစရာမရှိတော့ပါဘူး။ဆိုလာပြားတွေ၊ လျှပ်စစ်ပစ္စည်းတွေဘာမှမကျန်တော့ဘူး။ အကုန်ခိုးယူသွားပြီ။ ကျမတို့ ပြန်ဝင်လို့မရသေးဘဲ ဈေးကိုဖွင့်ထားပေးလိုက်တာ မိုက်ရိုင်းလွန်းတယ်”လို့ လက်ရှိမှာစစ်ဘေးရှောင်နေရတဲ့ နောင်ပိန်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီနဲ့ TNLAဟာ နောင်ပိန်တိုက်နယ်အတွင်းက ကျေးရွာတချို့နဲ့ ကျောက်မဲမြို့ကနေ ၇ မိုင်ခန့်အကွာက ရွာတွေမှာ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။စက်တင်ဘာလ ၁၇ ရက်က နောင်ပိန်တိုက်နယ်ခဲလုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်လုံဝယ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး၃၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကဒီ‌ကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်နေရတဲ့ ကျေးရွာ အရေအတွက် ၃၀ ကျော် ထိ ရှိလာတယ်လို့ ကျောက်မဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းမြောက် ကျောက်မဲမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် နောင်ပိန်ကျေးရွာ၏ နေအိမ်များဖောက်ထွင်းခိုးယူနေပြီး ယ‌နေ့ (စက်တင်ဘာ ၁၄ရက်) နံနက်တွင်လည်း နောင်ပိန်ဈေးကို ဖွင့်၍ပစ္စည်းများသယ်ထုတ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။