Connect with us

Hi, what are you looking for?

News

စစ်တပ်က ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား သတ်ဖြတ်တိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

စီးပွားရေးအခြေအနေဆိုးဝါးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေ၊ ဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လက်ရှိ တရားစီရင်ရေးအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့မှုနဲ့ စစ်တပ်ရဲ့ ဆိုးဝါးရက်စက်တဲ့ လုပ်ရပ်တွေဟာ လူကုန်ကူးသူတွေအတွက် အခွင့်ကောင်းတွေဖြစ်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာအသိုင်းအဝန်းကိုတောင်းဆို

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား သတ်ဖြတ်တိုက်ခိုက်နေပြီး စစ်တပ်လက်အောက်ရှိ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေဟာ ပြည်သူတွေအတွက် တရားမျှတမှုကင်းမဲ့တဲ့အဖွဲ့အစည်းတွေဖြစ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေပြီး မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါ တယ်။

စစ်တပ် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိရေး၊ ပြည်သူတွေ ရွေးချယ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိလာစေရေးတို့ဟာ အရေးကြီးပြီး အဲဒီလို ဆောင်ရွက်နိုင်စေရေး နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေကို ကူညီဖို့ သံအမတ်ကြီးက တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံပြဿနာဖြေရှင်းမှုမှာ ပေါင်းစည်းပြီး ဘက်ပေါင်းစုံပါဝင်တဲ့ ချဉ်းကပ်မှု နည်းလမ်းလိုအပ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ရှိစေဖို့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေရေး စတင်ဆောင်ရွက်ရမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်။

စီးပွားရေးအခြေအနေဆိုးဝါးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေ၊ ဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လက်ရှိ တရားစီရင်ရေးအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့မှုနဲ့ စစ်တပ်ရဲ့ ဆိုးဝါးရက်စက်တဲ့ လုပ်ရပ်တွေဟာ လူကုန်ကူးသူတွေအတွက် အခွင့်ကောင်းတွေဖြစ်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

နောက်ပြီး တရားမဝင်အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုအောက်မှာ ဒုက္ခသည် စခန်းတွေရှိ အမျိုးသမီး၊ အမျိုးသမီးငယ်တွေ၊ ကလေးငယ်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူကုန်ကူးမှုအန္တရာယ်ဟာ အရင်နဲ့မတူဘဲ ပိုမိုကျရောက်ဖို့ အခွင့်အရေးများနေတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။