Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်က ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား သတ်ဖြတ်တိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

စီးပွားရေးအခြေအနေဆိုးဝါးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေ၊ ဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လက်ရှိ တရားစီရင်ရေးအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့မှုနဲ့ စစ်တပ်ရဲ့ ဆိုးဝါးရက်စက်တဲ့ လုပ်ရပ်တွေဟာ လူကုန်ကူးသူတွေအတွက် အခွင့်ကောင်းတွေဖြစ်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာအသိုင်းအဝန်းကိုတောင်းဆို

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား သတ်ဖြတ်တိုက်ခိုက်နေပြီး စစ်တပ်လက်အောက်ရှိ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေဟာ ပြည်သူတွေအတွက် တရားမျှတမှုကင်းမဲ့တဲ့အဖွဲ့အစည်းတွေဖြစ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေပြီး မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါ တယ်။

စစ်တပ် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိရေး၊ ပြည်သူတွေ ရွေးချယ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိလာစေရေးတို့ဟာ အရေးကြီးပြီး အဲဒီလို ဆောင်ရွက်နိုင်စေရေး နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေကို ကူညီဖို့ သံအမတ်ကြီးက တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံပြဿနာဖြေရှင်းမှုမှာ ပေါင်းစည်းပြီး ဘက်ပေါင်းစုံပါဝင်တဲ့ ချဉ်းကပ်မှု နည်းလမ်းလိုအပ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ရှိစေဖို့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေရေး စတင်ဆောင်ရွက်ရမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်။

စီးပွားရေးအခြေအနေဆိုးဝါးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေ၊ ဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လက်ရှိ တရားစီရင်ရေးအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့မှုနဲ့ စစ်တပ်ရဲ့ ဆိုးဝါးရက်စက်တဲ့ လုပ်ရပ်တွေဟာ လူကုန်ကူးသူတွေအတွက် အခွင့်ကောင်းတွေဖြစ်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

နောက်ပြီး တရားမဝင်အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုအောက်မှာ ဒုက္ခသည် စခန်းတွေရှိ အမျိုးသမီး၊ အမျိုးသမီးငယ်တွေ၊ ကလေးငယ်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူကုန်ကူးမှုအန္တရာယ်ဟာ အရင်နဲ့မတူဘဲ ပိုမိုကျရောက်ဖို့ အခွင့်အရေးများနေတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။