Connect with us

Hi, what are you looking for?

သတင်း

စစ်ပွဲပြီးသွားရင် ရာထူးက နုတ်ထွက်မယ်လို့ ယူကရိန်း သမ္မတပြော

စစ်ပွဲပြီးရင် ရာထူးကနေ နုတ်ထွက်ပေးဖို့ အသင့်ရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

စစ်ပွဲပြီးရင် ရာထူးကနေ နုတ်ထွက်ပေးဖို့ အသင့်ရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Axios ဝက်ဘ်ဆိုက်နဲ့ ဗီဒီယို အင်တာဗျူး တစ်ခုထဲမှာ ဇီလန်စကီးက သူဟာ ရုရှားနဲ့ စစ်ပွဲ ပြီးသွားရင် ရာထူးက နုတ်ထွက်ပေးဖို့ တွေးထားပြီးသားလို့ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ စစ်ပွဲ ပြီးသွားရင် ရာထူးကနေ သူနုတ်ထွက်ပေးမှာ ဖြစ်ကြောင်း၊ သူက ရွေးကောက်ပွဲ ထပ်ဝင်ဖို့လည်း စဉ်းစားမထားကြောင်း၊ ရွေးကောက်ပွဲ ဝင်ဖို့က သူ့ရဲ့ ရည်မှန်းချက်လည်း မဟုတ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

လက်ရှိ ခက်ခဲလွန်းတဲ့ ကာလမျိုးမှာ သူအရမ်းလိုချင်တာကတော့ နိုင်ငံနဲ့အတူ ရှိနေပြီး အတတ်နိုင်ဆုံး ကူညီဖို့ ဖြစ်ကြောင်း၊ သူ့ရဲ့ ရည်ရွယ်ချက်က စစ်ပွဲကို အဆုံးသတ်ဖို့ဖြစ်ကြောင်းလည်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းမှာ သမ္မတ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်က ကျင်းပဖို့ ရှိခဲ့ပေမယ့်လည်း စစ်ပွဲကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားရတာကြောင့် ရွေးကောက်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။

အရင်က ဟာသ သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့တဲ့ ဇီလန်စကီးဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားကျူးကျော်စစ် စတင်ခဲ့တဲ့အခါ သူဟာ ယူကရိန်းရဲ့ စစ်ကာလ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။

သုံးနှစ်ခွဲကျော် ကြာမြင့်လာတဲ့ စစ်ပွဲကာလတလျှောက် ဇီလန်စကီးဟာ ပြည်သူအများစုရဲ့ ယုံကြည် အားကိုးမှုကို ရရှိထားပါတယ်။ သူဟာ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ သတင်း အချက်အလက်တွေ၊ စိတ်ကူးတွေကို လူမှုကွန်ရက်ကနေတဆင့် ပြည်သူတွေကို မကြာခဏ မျှဝေခဲ့သလို ရှေ့တန်း စစ်မြေပြင်တွေထိ သွားရောက်ပြီး ယူကရိန်း ကာကွယ်ရေး တပ်တွေကို အားပေးတာတွေ လုပ်ခဲ့ပါတယ်။

ကိယက်ဗ် မြို့တော်မှာရှိတဲ့ International Institute of Sociologyက စက်တင်ဘာလမှာ ကောက်ယူခဲ့တဲ့ လူထုအမြင် စစ်တမ်းမှာတော့ မဲပေးသူ ၅၉ ရာခိုင်နှုန်းက သူတို့ရဲ့ သမ္မတကို ယုံကြည်နေဆဲလို့ ဆန္ဒပြုခဲ့ပြီး ၃၄ ရာခိုင်နှုန်းကတော့ ဇီလန်စကီးရဲ့ ခေါင်းဆောင်နိုင်စွမ်းကို မယုံကြည်ဘူးလို့ သဘောထားမှတ်ချက် ပေးခဲ့ကြပါတယ်။

ကိုးကား: Axios

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။