Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

■ ကျောက်မဲမြို့ကိုထိန်းချုပ်ထားနိုင်ဆဲဟုTNLA ပြောရေးဆိုခွင့်ရှိသူပြော

စက်တင်ဘာ-၂၆၊၂၀၂၅။ခွန်တိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ဆီကို အင်အား ၅၀၀လောက်နဲ့ စစ်ကြောင်းထိုးနေပြီး လက်တလောမှာ ကျောက်မဲမြို့နယ်က နားခမ်းနဲ့ စခန်းသာကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ လွေးယေဦးက ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကျောက်မဲမြို့နဲ့ (၈)မိုင်လောက်ခန့်ကွာဝေးပါတယ်။

Public Service Announcement

Public Service Announcement

” လောလောဆယ်မှာတော့ စစ်ကောင်စီတပ်သည် ကျွန်မတို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတာမျိုးနေတာမျိုးတွေရှိပါတယ်။ အဓိက က ‌လက်နက်ခဲယမ်းတွေ ပြီးတော့ လေကြောင်းကတစ်ဆင့် ဗုံးကြဲ တိုက်ခိုက်တာမျိုး လက်နက်ကြီးတွေပစ်တာမျိုး ဒရုန်းနဲ့ တိုက်ခိုက်တာမျိုး အင်အားအလုံးအရင်းနဲ့ ချီတတ်ပြီးတော့မှ တိုက်ခိုက်တာမျိုးတွေရှိတယ်။ လောလောဆယ်မှာတော့ ပြီးခဲ့တဲ့ဒီလမှာဆို ချီတတ်တာတော့ အယောက်သုံးရာရှိပါတယ်။ ထပ်ပြီးတော့မှ ဒီကြားထဲမှာ ဖြည့်တင်းတာမျိုးတွေရှိပါတယ်။ လောလောဆယ်တော့ သူတို့အင်အား ခန့်မှန်း ငါးရာဝန်းကျင်လောက်ရှိမှာဖြစ်ပါတယ်”လို့ TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်တာမျိုးတွေပိုရှိတယ်လို့လည်း ဆိုပါတယ်။

လက်တလောမှာ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကျောက်မဲမြို့ခံအများစုဟာ နီးစပ်ရာဒေသတွေမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

” တချို့ကတော့ ဆက်ရှိနေပါသေးတယ်။ လူထုကမြို့ပေါ်မှာလည်း ဆက်ရှိနေတာမျိုးတွေရှိပါတယ်။ အဓိကကတော့ လောလောဆယ်ကတော့ လေကြောင်းကိုပဲ သတိထားပြီးတော့မှ စောင့်ကြည့်ရမယ့်အနေအထားမျိုးရှိတယ်။ ကျန်တဲ့အပိုင်းကတော့ လက်ရှိမှာ‌တော့ ကျွန်မတို့ထိန်းချုပ်နိုင်ဆဲ ဖြစ်ပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့ကို လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ လုံခြုံရေးသတိထားကြဖို့လည်း တိုက်တွန်းပါတယ်။

” အထူးသဖြင့် တိုက်ပွဲကတော့ မြို့နဲ့ နီးစပ်လာသည်နဲ့အမျှ စစ်ကောင်စီသည် ဒီမြို့ကိုပဲ အဓိကတော့ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့် လုံခြုံရေးကို အမြဲသတိရှိဖို့လိုတယ်။ ကာကွယ်ရေးလမ်းညွှန်တွေကို လိုက်နာဖို့လိုအပ်ပါတယ်”လို့ TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ် ၁၉ရက်ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

Trending

Facebook