Connect with us

Hi, what are you looking for?

News

သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို အကြောက်တရားဖြန့်ဖို့ စစ်တပ် အသုံးချနေကြောင်း AP သတင်းဌာန ဖော်ပြ

မြန်မာစစ်တပ်ဟာ ရက်ရက်စက်စက် သတ်ဖြတ် ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို အကြောက်တရား ဖြန့်ချိရေးအတွက် အသုံးချနေကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

AP သတင်းဌာနရဲ့ စိစစ်ရေး ပညာရှင် တစ်ဦးနဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လူ့အခွင့်အရေး စံနှုန်း စုံစမ်းရေးဌာနတို့ ပူးပေါင်းပြီး အခု တွေ့ရှိချက်ကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ရေးသား မျှဝေမှု ၂၀၀၀ ကျော်နဲ့ ဓာတ်ပုံတွေကို ဆန်းစစ်ပိုင်းခြားပြီးတဲ့နောက် APက ဒီကောက်ချက်ကို ဖော်ထုတ်လိုက်တာပါ။

စစ်တပ်ဟာ အထိန်းအကွပ် မထားဘဲ လူတွေကို ပစ်သတ်နေခြင်းကိုက ပြည်သူတွေ ကြောက်လန့်အောင် မဟာဗျူဟာ နည်းလမ်း တစ်ခုအဖြစ် ခြောက်လှန့်နေတာလို့ APက ဆိုပါတယ်။ လူမြင်ကွင်းမှာ ရက်ရက်စက်စက် အသတ်ခံထားရတဲ့ အလောင်းတွေ ရှိနေစေတာကိုက လူထုကို စိတ်တုန်လှုပ်အောင်၊ ကြောက်လန့်အောင် ဖန်တီးဖို့လို့ APနဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ပူးပေါင်း လေ့လာမှုက အဖြေထွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု စတင်ချိန် ကတည်းက အရပ်သားပြည်သူ ၈၀၀ ကျော် သတ်ဖြတ် ခံခဲ့ရပြီးပါပြီ။ ဒါပေမဲ့ အာဏာသိမ်း စစ်အစိုးရက တရားဝင် ထုတ်ပြန်တဲ့ စာရင်းမှာတော့ ကိန်းဂဏန်းတွေကို အဲဒီထက် ထက်ဝက်ကျော် လျှော့ပြီး ဖော်ပြထားပါတယ်။ 

စစ်တပ်ရဲ့ ပစ်သတ်တာ၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်တာ ခံခဲ့ရသူတွေရဲ့ အလောင်းတွေကို အတင်းအကျပ် ဖိအားပေးပြီး သင်္ဂြိုဟ်စေတာတွေ၊ အလောင်းပြန်ရဖို့ မိသားစုဝင်တွေက ငွေပေးရတဲ့ ကိစ္စတွေကိုလည်း မျက်မြင် သက်သေတွေရဲ့ အဆိုကို ကိုးကားပြီး AP သတင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြေးလျ အမျိုးသား တက္ကသိုလ်ရဲ့ မြန်မာ့ဥပဒေနဲ့ နိုင်ငံရေး အထူးပြု သုတေသီ တစ်ဦးဖြစ်တဲ့ နစ်ခ်ချိစ်မန်းက မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လုပ်ရပ်တိုင်းဟာ မကောင်းဆိုးရွား အစိုးရတစ်ရပ်ဆိုတာ ပေါ်လွင်နေစေတယ်လို့ ပြောကြားခဲ့ပါတယ်။

AP သတင်းဌာနက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း မြန်မာစစ်တပ်ဆီ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။