Connect with us

Hi, what are you looking for?

သတင်း

ကံထူးမရွာဗုံးကြဲခံရမှု သေဆုံးသူ၂ဦးထပ်တိုး၊​ သေဆုံးသူစုစု​ပေါင်း၁၀ဦးရှိလာ၊ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူအချို့ရှိ​

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ကံထူးမရွာကို စစ်တပ်ဗုံးကြဲတာ​ကြောင့် သေဆုံးသူ​ဒေသခံနှစ်ဦးထပ်တိုးလာတဲ့အတွက် ​သေဆုံးသူ ၁၀‌‌ ဦးအထိရှိလာတယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံက​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ကံထူးမရွာကို စစ်တပ်ဗုံးကြဲတာ​ကြောင့် သေဆုံးသူ​ဒေသခံနှစ်ဦးထပ်တိုးလာတဲ့အတွက် ​သေဆုံးသူ ၁၀‌‌ ဦးအထိရှိလာတယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံက​ပြောပါတယ်။

စက်တင်ဘာ-၂၇၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ကံထူးမရွာကို စစ်တပ်ဗုံးကြဲတာ​ကြောင့် သေဆုံးသူ​ဒေသခံနှစ်ဦးထပ်တိုးလာတဲ့အတွက် ​သေဆုံးသူ ၁၀‌‌ ဦးအထိရှိလာတယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံက​ပြောပါတယ်။

စက်တင်ဘာလ၂၆ ရက်နေ့မှာ ကံထူးမရွာ ၊နိုဘယ်ဝမ်း ဆီပန့်ဆိုင်အနီးကိုစစ်တပ်ကဗုံးကြဲမှုကြောင့်ဆိုင်ပိုင်ရှင်ရဲ့သမီးအသက်၂၀ အရွယ် မစံထိပ်ထားဝေ၊ အသက်၂၁နှစ်အရွယ်ကုန်စိမ်း​ရောင်းသူ မမိထက်၊ ကျောင်းကြိုသွားတဲ့ အသက် ၂၇ နှစ်အရွယ် ကိုသက်အောင်၊ပန်းရံလုပ်ကိုင် နေတဲ့အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်တဲ့ကိုတူးနိုင်၊ကိုထထူး၊ကိုနေအောင်၊ကိုစိုးကို၊ အသက်၄၃နှစ်အရွယ်ကို ဖိုးထွန်းတို့ သေဆုံးခဲ့ပါတယ်။

အပျက်အစီး​တွေကြားထပ်မံရှာဖွေရာ ဆီဆိုင်ပိုင်ရှင် ကိုပြူးစိန်‌ ပျောက်ဆုံးနေပြီး သေဆုံးသွားတယ်လို့ ယူဆရကာ ဆေးကုသမှု ခံယူနေတဲ့ ကိုအောင်ကိုဝင်း လည်း စက်တင်ဘာ ၂၆ ရက်ညနေပိုင်းက ထပ်မံ သေဆုံးခဲ့တာလို့ မြို့နယ်ပလဖတာဝန်ခံ ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရတဲ့အထဲက ၂ဦး၃ဦး ပြင်းထန်စိုးရိမ်ရတယ်”လို့ သူကဆက်ပြောပါတယ်။

“ဘာတိုက်ပွဲမှကိုမရှိပါဘူးဗျာ။ပန့်ဆိုင်ဘေးမှာ နှစ်ထပ်တိုက်ဆောက် နေတာ။အဲဒီကပန်းရံသမား၅ဦး သေတာ။ရုပ်အလောင်း ပြန်ရတာက ၅လောင်းပါ။ကျန်တာက အပိုင်းအစတွေ လိုက် ကောက်ထားရတာက ၃လောင်းပါ”လို့ မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက ပေါင် ၅၀၀ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်အထိ စုစုပေါင်း ပြည်သူ ၁၀ဦး သေဆုံးကာ ၁၂ဦး ကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ဒဏ်ရာရထားတဲ့အထဲကလည်း ပြည်သူ ၃ဦးက ပြင်းဒဏ်ပြီးစိုးရိမ်​နေရဆဲဖြစ်ပါတယ်။

ကံထူးမရွာဟာ တန့်ဆည်မြို့အနီးမှာတင်ရှိပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လူစည်းကားတဲ့ကားလမ်းဘေး ကျေးရွာဖြစ်ကာ အစည်ကားဆုံး နေရာကိုစစ်တပ်က လေကြောင်းက​နေ ဗုံးကြဲခဲ့တာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

စစ်အုပ်စုက ပြည်သူ​တွေကိုပစ်မှတ်ထားဗုံးကြဲသတ်ဖြတ်မှု​တွေ ပိုလုပ်လာပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​ပေါင်းရာနဲ့ချီကျူးလွန်ထားပြီး ပြည်သူ​ထောင်ချီ​သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။