Connect with us

Hi, what are you looking for?

သတင်း

ဆဒုံးမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု မူကြိုကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦးသေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူကြိုကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ဒေသခံ

စက်တင်ဘာ−၂၉၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူကြိုကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ ဇွန်လကတည်းက သိမ်းပိုက်ထားတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ နေ့လည် ၂နာရီ ၂၈မိနစ်နဲ့ ၂နာရီ ၃၀ မိနစ်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“ပြည်သူ ၈ယောက်သေ၊ ၅ယောက် ဒဏ်ရာရ။ မူကြိုကလေးငယ် ၂ယောက်သေတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ တိုက်ပွဲဧရိယာ မဟုတ်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုအပေါ် KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး”လို့ ရေးသားကာ ဆဒုံးမြို့ လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်ပျက်စီးခဲ့ရမှု မှတ်တမ်းအချို့ကို ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေမကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook