Connect with us

Hi, what are you looking for?

News

စစ်တပ်သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ဗြိတိန်သံရုံးဂုဏ်ပြု

အကြမ်းဖက်စစ်တပ်သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအနက် ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဦးစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်လည်းပါတယ်လို့ ဗြိတိန်သံရုံးက ထည့်သွင်းဂုဏ်ပြုထုတ်ပြန်ပါတယ်။

-အာဏာသိမ်းချိန်ကစလို့ အမျိုးသမီးအနည်းဆုံး ၈၅ဦး သတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်းချိန်ကစလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အားလုံးကို ဂုဏ်ပြုတယ်လို့ ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီက​နေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ဂုဏ်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ အာဏာသိမ်းချိန်ကစလို့ အမျိုးသမီးနဲ့ မိန်းကလေးငယ် အနည်းဆုံး ၈၅ ဦးဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ် ဗြိတိန်သံရုံးက ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်လို့ အစီရင်ခံစာ အများအပြား ရှိခဲ့ပြီး အဲဒီကိစ္စရပ်တွေမှာ ကျူးလွန်သူကို အရေးယူသွားနိုင်ဖို့ ဗြိတိန်အစိုးရက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအနက် ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဦးစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်လည်းပါတယ်လို့ ဗြိတိန်သံရုံးက ထည့်သွင်းဂုဏ်ပြုထုတ်ပြန်ပါတယ်။

နောက်ပြီး ကျား၊မအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ရက်တာ လှုပ်ရှားမှုမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ အချက် ၁၆ချက်ကို ဗြိတိန်သံရုံးက ဖော်ပြသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။