Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ဗြိတိန်သံရုံးဂုဏ်ပြု

အကြမ်းဖက်စစ်တပ်သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအနက် ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဦးစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်လည်းပါတယ်လို့ ဗြိတိန်သံရုံးက ထည့်သွင်းဂုဏ်ပြုထုတ်ပြန်ပါတယ်။

-အာဏာသိမ်းချိန်ကစလို့ အမျိုးသမီးအနည်းဆုံး ၈၅ဦး သတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်းချိန်ကစလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အားလုံးကို ဂုဏ်ပြုတယ်လို့ ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီက​နေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ဂုဏ်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ အာဏာသိမ်းချိန်ကစလို့ အမျိုးသမီးနဲ့ မိန်းကလေးငယ် အနည်းဆုံး ၈၅ ဦးဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ် ဗြိတိန်သံရုံးက ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်လို့ အစီရင်ခံစာ အများအပြား ရှိခဲ့ပြီး အဲဒီကိစ္စရပ်တွေမှာ ကျူးလွန်သူကို အရေးယူသွားနိုင်ဖို့ ဗြိတိန်အစိုးရက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအနက် ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဦးစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်လည်းပါတယ်လို့ ဗြိတိန်သံရုံးက ထည့်သွင်းဂုဏ်ပြုထုတ်ပြန်ပါတယ်။

နောက်ပြီး ကျား၊မအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ရက်တာ လှုပ်ရှားမှုမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ အချက် ၁၆ချက်ကို ဗြိတိန်သံရုံးက ဖော်ပြသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။