Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီမှာ စစ်ကောင်စီ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၈၊၂၀၂၅။ သုည/People’s Spring

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်လည်း တော်လှန်ပြည်သူတွေက “အတုအယောင်ရွေးကောက် ခွေးထွက်ပေါက် တော်လှန်အလင်းနဲ့ သပိတ်မှောက်”၊ “ဓမ္မကို ပူဇော် အဓမ္မကို လောင်ကျွမ်း”၊ “မန္တလေးဒေသ ပြည်သူတွေ သွေးမအေးဘူး” ဆိုတဲ့ စာသားတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သီတင်းကျွတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ် ရှားတောမြို့တနေရာမှလည်း ကရင်နီအမျိုးသား လူငယ်အစည်းအရုံး (KNYO)က ဝန်ထမ်းတွေက စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအကြောင်း ပြည်သူတွေကို အသိပညာပေးခြင်းအစီအစဥ်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဓါတ်ပုံကမ်ပိန်းတရပ်ကို မြို့ခံလူထုတွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့အဝင်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီဝင်တချို့က “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာ ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းလှုံ့ဆော်တဲ့အနေနဲ့ အခုလိုသွားရောက်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း DDMSCက ဆိုပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB၊ ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

Facebook