Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က လူစည်ကားရာ ကမ်းခြေမှာ ရဟတ်ယာဉ်ပျက်ကျ၊ ၅ ဦး ဒဏ်ရာရ

အမေရိကန်က လူစည်ကားရာ ကမ်းခြေတစ်ခုမှာ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ကလေးငယ် အပါအဝင် လူ ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်က လူစည်ကားရာ ကမ်းခြေတစ်ခုမှာ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ကလေးငယ် အပါအဝင် လူ ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

နေ့ခင်းအချိန်ကြီး ကမ်းခြေမှာ လူစည်နေတုန်း ရဟတ်ယာဉ် ပျက်ကျခဲ့တာ ဖြစ်တဲ့အတွက်လည်း အဲဒီဖြစ်စဉ်ကို ဗီဒီယို မှတ်တမ်း တင်ထားနိုင်သူတွေ ရှိခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းက ဟန်တင်တန် မြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။ ရဟတ်ယာဉ်ဟာ တည်တည်ငြိမ်ငြိမ် ပျံသန်းနေရာကနေ ရုတ်တရက် တစ်ခုခု ပြဿနာ ပေါ်သွားဟန်နဲ့ ချာချာလည်ထွက်သွားပြီး အဲဒီနောက် အဆောက်အအုံ တစ်ခုဆီ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – Getty Images

ကံအားလျော်စွာနဲ့ ရဟတ်ယာဉ် ပျက်ကျချိန်မှာ မီးတော့ မလောင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ရဟတ်ယာဉ်ထဲက လူ ၂ ဦးကို ဘေးကင်းတဲ့ဆီ အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး လမ်းသွားလမ်းလာ ၃ ဦးလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ၅ ယောက်စလုံးကို ဆေးရုံတင်ပို့ထားရပြီး သူတို့ရဲ့ ဒဏ်ရာ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ ရဟတ်ယာဉ် ပျက်ကျတာကို ရှုထောင့်ပေါင်းစုံက ရိုက်ထားတဲ့ ဗီဒီယိုတွေ ပျံ့နှံ့နေခဲ့ပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့က ရဟတ်ယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို စုံစမ်းနေဆဲလို့ ပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။

မြို့ထဲမှာရှိတဲ့ ရဟတ်ယာဉ် အသင်းတစ်ခုက အဲဒီနေရာမှာ ရဟတ်ယာဉ်တွေ စုဆင်းပြီး ပါတီတစ်ခု ကျင်းပဖို့ စီစဉ်ထားခဲ့သလို ရဟတ်ယာဉ်တွေ ရောက်ရှိလာတာကို အပျော်သဘော စောင့်ကြည့်ဖို့ ကမ်းခြေရောက် ဧည့်သည်တွေကိုလည်း နှိုးဆော်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့တဲ့နောက် ပါတီကိုလည်း မကျင်းပဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။