Connect with us

Hi, what are you looking for?

သတင်း

အာဆီယံက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွှတ်ဖွယ်မရှိဘူးလို့ မလေးရှားပြော

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲဆီ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ဖွယ် မရှိဘူးလို့ မလေးရှား အစိုးရက ပြောပါတယ်။

ဓါတ်ပုံ-bernama

​အောက်တိုဘာ-၁၄၊၂၀၂၅။People’s Spring

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲဆီ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ဖွယ် မရှိဘူးလို့ မလေးရှား အစိုးရက ပြောပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး အပိုင်းလိုက် ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဆီ စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ဖို့ အာဆီယံ နိုင်ငံတွေကြားမှာ သဘောတူညီမှု ရမယ့် အရိပ်အခြေမမြင်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး ဟာဆန်ဟာ မကြာသေးခင်က မြန်မာ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ နေပြည်တော်မှာ စစ်ကောင်စီ ခေါင်းဆောင်နဲ့ သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဟာဆန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ရာမှာတော့ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့တယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။ အဲဒီ ဖော်ပြချက်နဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဟာဆန်က ဒီကိစ္စဟာ အာဆီယံ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဆီက သဘောထား ဆန္ဒတွေ လိုအပ်ကြောင်း၊ ဒီတော့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာ ဒါကို ထပ်ဆွေးနွေးရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့အမြင်အရ အာဆီယံကတော့ လက်ခံမယ့်ပုံ မပေါ်ကြောင်း ပြန်ဖြေသွားပါတယ်။

ဒီတော့ ဟာဆန်ရဲ့ စကားဟာ စစ်ကောင်စီ အာဘော် သတင်းစာတွေရဲ့အခိုင်အမာ ဖော်ပြချက်နဲ့ တိုက်ရိုက်ကြီး ကွဲလွဲနေပါတယ်။အောက်တိုဘာ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ စေလွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အသိပေးသွားကြောင်း ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံရေးသမားတွေက အစိုးရဟာ စစ်ကောင်စီ တစ်ဖက်သတ် ခြယ်လှယ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကို တကယ်ပဲ အားပေး ထောက်ခံမှာလားဆိုပြီး တိုက်ရိုက် မေးခွန်းထုတ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မလေးရှား နိုင်ငံခြားရေဝန်ကြီးဌာနကအခြေအနေတွေကို ပြန်လည် ရှင်းလင်းခဲ့ရပြီး စောင့်ကြည့်ရေး အဖွဲ့တွေ လွှတ်ပေးဖို့ ဆိုတာက စစ်ကောင်စီရဲ့ တောင်းဆိုချက်သာဖြစ်ပြီး ဒီအကြောင်းကို အာဆီယံက သီးခြားဆွေးနွေးရဦးမယ်လို့ ဖြေရှင်းသွားပါတယ်။

တစ်နိုင်ငံလုံး မငြိမ်းချမ်းတဲ့ အခြေအနေမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ အားထုတ်မှု သက်သက်သာ ဖြစ်တယ်လို့ အကဲခတ်တွေက တညီတညွတ်တည်း သုံးသပ်ထားပါတယ်။ တစ်ဖက်မှာတော့ အာဆီယံဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်ကောင်စီကို အရေးယူတဲ့ အနေနဲ့ ၂၀၂၂ ကစလို့ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။

ကိုးကား: Free Malaysia Today

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

Facebook