အောက်တိုဘာ-၁၆၊ ၂၀၂၅။ သုည/People’s Spring
သြစတြေးလျနိုင်ငံ ကင်ဘရာမြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ ကန့်ကွက်ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို CRPH/NUG Support Group (AUS) မှ ဦးဆောင်စီစဉ်ပြီး မဟာမိတ်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားပြည်သူတွေ ပါဝင်ခဲ့ပြီး ဩစတေးလျ ပါလီမန်ရှေ့နဲ့ စစ်ကောင်စီ သံရုံးရှေ့တို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် သြစတြေးလျ အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို တရားဝင်မဝင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ဖို့၊ စစ်အုပ်စုအပေါ် စီးပွားရေး ပိတ်ဆို့မှု ဆက်လက်အရေးယူပေးဖို့၊ လေယာဉ်ဆီရောင်းချမှု ရပ်တန့်ပေးဖို့နဲ့ စစ်ကောင်စီကို အထောက်အပံ့ပေးမှု အားလုံးရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement





















































