Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ သြစတြေးရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ

သြစ​​တြေးလျနိုင်ငံ ကင်ဘရာမြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ ကန့်ကွက်ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - CRPH/NUG Support Group (AUS)

အောက်တိုဘာ-၁၆၊ ၂၀၂၅။ သုည/People’s Spring

သြစ​​တြေးလျနိုင်ငံ ကင်ဘရာမြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ ကန့်ကွက်ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲကို CRPH/NUG Support Group (AUS) မှ ဦးဆောင်စီစဉ်ပြီး မဟာမိတ်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားပြည်သူတွေ ပါဝင်ခဲ့ပြီး ဩစတေးလျ ပါလီမန်ရှေ့နဲ့ စစ်ကောင်စီ သံရုံးရှေ့တို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျ အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို တရားဝင်မဝင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ဖို့၊ စစ်အုပ်စုအပေါ် စီးပွားရေး ပိတ်ဆို့မှု ဆက်လက်အရေးယူပေးဖို့၊ လေယာဉ်ဆီရောင်းချမှု ရပ်တန့်ပေးဖို့နဲ့ စစ်ကောင်စီကို အထောက်အပံ့ပေးမှု အားလုံးရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအနေနဲ့ နှစ်လအတွင်းမှာ ကျပ်ငွေ ၁၅ သိန်းခန့် အသုံးပြုပြီး Money Flow လှုပ်ရှားမှု ပြုလုပ်ထားတယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်