Connect with us

Hi, what are you looking for?

သတင်း

သရက်​ချောင်းရွာအနီး ရွာမီးရှို့လာတဲ့ စစ်တပ်ကို PDF ​တွေ တိုက်ခိုက် စစ်သား ၁၅ဦး​သေ ၊စစ်သုံ့ပန်း ၁၂ ဦးဖမ်းမိ၊ လက်နက်မျိုးစုံ ၁၉ လက်နဲ့ ခဲယမ်း​တွေသိမ်းဆည်းရရှိ

‌ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာန နဲ့ အမှတ်(၂)စစ်ဆင် ရေးနယ်မြေ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆၊ ၂၀၂၅။မိုမို/People’s Spring

‌ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာန နဲ့ အမှတ်(၂)စစ်ဆင် ရေးနယ်မြေ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အောက် တိုဘာလ (၁၅) ရက်၊ မနက် ၁၀ နာရီမှာ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

“စခ တွေ အထိနာသွားတော့ လက်ပံတန်း နဲ့ ပဲခူး အနောက်ခြမ်းတွေ လေကြောင်း အထူးဂရုစိုက် ဖို့လိုတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ပံတန်းမြို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ သရက်ချောင်းကျေးရွာဟာ ၆ မိုင်​ကျော်ပဲကွာ​ဝေးတာဖြစ်ပါတယ် ။

​အောက်တိုဘာ လ ၁ ရက်ကလည်းလက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာတဲ့ အင်အား ၂၀ ကျော်ပါ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးသေပြီးသေနတ်၂လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရပါတယ်။

သတင်း

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

သတင်း

ပခုက္ကူမြို့နယ်နှင့် မြိုင် မြို့နယ်‌ တောင်ပိုင်း ထိစပ်ရာကျေးရွာများရှိ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

သတင်း

စစ်ကြောင်းသည်မိုင်းဆွဲခံရခြင်း၊ တိုက်ပွဲဖြစ်ခြင်းများမရှိဘဲ အကြောင်းမဲ့ဝင်ရောက်မီးရှို့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။