အောက်တိုဘာ ၁၆၊ ၂၀၂၅။မိုမို/People’s Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန နဲ့ အမှတ်(၂)စစ်ဆင် ရေးနယ်မြေ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အောက် တိုဘာလ (၁၅) ရက်၊ မနက် ၁၀ နာရီမှာ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement
တိုက်ပွဲအတွင်း ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
“စခ တွေ အထိနာသွားတော့ လက်ပံတန်း နဲ့ ပဲခူး အနောက်ခြမ်းတွေ လေကြောင်း အထူးဂရုစိုက် ဖို့လိုတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ပံတန်းမြို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ သရက်ချောင်းကျေးရွာဟာ ၆ မိုင်ကျော်ပဲကွာဝေးတာဖြစ်ပါတယ် ။
အောက်တိုဘာ လ ၁ ရက်ကလည်းလက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာတဲ့ အင်အား ၂၀ ကျော်ပါ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးသေပြီးသေနတ်၂လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။






















































