Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုဝင် ၂ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ယာဥ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဝင် ၂ ဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မုံရွာ - မန္တလေးလမ်းပိုင်းတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ/File

အောက်တိုဘာ-၂၈၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ယာဥ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဝင် ၂ ဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂နာရီခန့်က မုံရွာမြို့ပေါ်တနေရာကို သွားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့နောက်ကို စစ်အုပ်စုက လိုက်လံပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်တပ်ရင်း (၄)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မစ်ရှင်သွားတာ။ လမ်းတွေ နောက်ကနေ ကား (၃)စီး လိုက်လာတယ်။ ကျနော်တို့ စပစ်တယ်။ ၃ မိနစ်လောက်ကြာတယ်။ ကား‌မှန်တွေပစ်တယ်။ ရှေ့ကကောင် (၂) သေတယ်။ ပစ်ခံရတဲ့ကား က အမှတ်(၂)ရဲစခန်းမှူးကားပါ။”လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အဲဒီတိုက်ခိုက်မှုမှာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင်တပ်ရင်း (၂၈) တပ်ခွဲ (၃) Spring Dove တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲအချို့ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မုံရွာ-အရာတော်လမ်းပိုင်းကို စိုးမိုးဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။