Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်မှာ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေးလုပ်နေသူတွေ နေအိမ် အထိ PDF လိုက်လံသတိပေး

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - နတ်စစ်သည်

နိုဝင်ဘာ – ၁၂၊ ၂၀၂၅။မိုမို/People’s Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

အဲဒီ သတိပေးမှုကို နိုဝင်ဘာ ၁၁ရက် ကြို့ပင်ကောက်မြို့နယ် စစ်ကုန်းကျေးရွာမှာ လုပ်ဆောင်ခဲ့တာလို့ နတ်စစ်သည်တပ်ဖွဲ့က ဆိုပါတယ်။

နေအိမ်တွေအထိသတိပေးမှုတွေအရ စစ်ကောင်စီ သတင်းပေးလုပ်နေတယ်ဆိုသူရဲ့ မိဘ နှစ်ပါးကို တွေ့ဆုံရာမှာ သားဖြစ်သူကို တား​မြစ် ပေးဖို့ နဲ့ ပထမဆုံးအကြိမ်သတိပေးတာလို့ ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနော်။စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့ဖြစ်မယ်။ အဓိကက ပြည်သူလူထုကာကွယ်တယ်။ဘာပဲဖြစ်ဖြစ် စစ်ကောင်စီကို အားပေးမယ်။သတင်းပေးမယ်ဆိုရင် ရန်သူလို့ပဲ သတ်မှတ်တယ်။အခုလာတာက စစ်ကောင်စီကို သတင်းပေးတယ်။အရင်တုန်းကလည်း အုပ်ချုပ်ရေးမှူးလုပ်ဖူးတယ်။ ရာအိမ်မှူးလည်းလုပ်ဖူးတယ်။သတင်းပေးတယ်လို့ သတင်း ထွက်နေတယ်။အဘသားမလား။သူ့ကိုလုံးဝ တားပေးနိုင်မလား။လုံးလုံးသတင်းပေးတာမလုပ်ဖို့။တားမယ်ဆိုရင် ကျွန်တော် တို့က ဘာမှမလုပ်ဘူး။ပြည်သူထဲက ပြည်သူပဲ။အရေးယူမှုမရှိဘူး။တကယ်လို့သာ မတားဘူး ဒီအတိုင်းပဲ ဆက်လုပ်နေမယ်ဆို ဒါပထမဆုံးအကြိမ် သတိပေးခြင်းပါ”လို့ နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ရှင်းမယ်ဆို ညပိုင်းလာရှင်းလည်းရတယ်။အချိန်မရွေးလာရှင်းလို့ရတယ်။ကျွန်တော်တို့က ဒီလိုမဟုတ်ဘူး။သတိပေးစနစ်နဲ့သွားချင်တာ။သတိပေးစနစ်နဲ့လာပြောတာ။ဆက်လုပ်မယ်ဆိုရင် ပြတ်ပြတ်သားသားအရေးယူရမှာပဲ”လို့ ၎င်းက ​ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းစစ်ဆေးတဲ့ ကျောင်းဆရာမ ဒေါ်မို့မို့ ရဲ့ နေအိမ်ကိုသတိပေးဖို့ သွားရောက်ခဲ့ပေမယ့် မတွေ့ ခဲ့ရဘူးလို့ ဆိုပါတယ်။

“ဆရာမအိမ်ရောအိမ်လည် ရောက်ခဲ့ပါသေးတယ်၊လူမတွေ့ရဘူး၊အတုယောင် ရွေးကောက်ပွဲ မဲစာရင်းမှာ ကျွန်တော့တို့နာမည်တွေပါလားလို့ မေးချင်လို့၊စာရင်းဆက်လုပ်မယ်ဆို လာခဲ့ပါဦးမယ်”လို့ နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက သတိပေးပါတယ်။

အခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်မှာလုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲကို နိုင်ငံတကာနဲ့ ပြည် တွင်းအရပ်ဖက်အဖွဲ့အစည်းတွေက အတုအယောင်ဖြစ်တယ်လို့ ကြေညာချက်တွေ ​ထုတ်ပြန်ထားပါတယ်။အဲဒါအပြင် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေလည်း နိုင်ငံ တစ်ဝန်းရှိနေပါတယ်။

စစ်ကောင်စီကတော့ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီး ဝေဖန်တဲ့ ပြည်သူနဲ့ အနုပညာရှင် ၁၀၀နီးပါးကို သုံးလအတွင်း ဖမ်းဆီးထားပါတယ်။

ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ဟာ အနိမ့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး အမြင့်ဆုံး ‘သေဒဏ်’လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။