Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေ စီမံအုပ်ချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်တွေ ပိုကောင်းလာဖို့ လူထုနဲ့အတူဖော်ဆောင်မယ်လို့ KNUကြေညာ

ကော်သူးလေစီမံအုပ်ချုပ်နယ်မြေ တခုလုံး အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာစေဖို့ ဖောင်ဆောင်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ်ဥက္ကဋ္ဌတွေနဲ့ မြို့နယ်ခေါင်းဆောင်တွေရဲ့ မဲ့ဝါးကလိုး ကြေညာစာတမ်း မှာ ဖော်ပြပါတယ်။

KNU စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် (ကော်ဆာ) ခေါင်းဆောင်တွေ စုပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို နိုဝင်ဘာ ၁၁ရက်နဲ့ ၁၅ရက်မှာကျင်းပနေစဉ်။ ဓာတ်ပုံ - KNU

နိုဝင်ဘာ-၁၈၊ ၂၀၂၅။ ပုရစ်/People’s Spring

ကော်သူးလေစီမံအုပ်ချုပ်နယ်မြေ တခုလုံး အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာစေဖို့ ဖောင်ဆောင်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ်ဥက္ကဋ္ဌတွေနဲ့ မြို့နယ်ခေါင်းဆောင်တွေရဲ့ မဲ့ဝါးကလိုး ကြေညာစာတမ်း မှာ ဖော်ပြပါတယ်။

KNU စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် (ကော်ဆာ) ခေါင်းဆောင်တွေ စုပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲ တရပ်ကို နိုဝင်ဘာ ၁၁ရက်နဲ့ ၁၅ရက်မှာကျင်းပပြီး ကော်သူးလေအတွင်းရှိ မြို့နယ်(ကော်ဆာ) ၂၇မြို့နယ်လုံးမှမြို့နယ်ဥက္ကဋ္ဌ(ကော်ဆာခို)တွေနဲ့ မြို့နယ်ခေါင်းဆောင်တွေက ကြေညာစာတမ်း ထုတ်ပြန်ခဲ့တာပါ။

အဲဒီ ကြေညာစာတမ်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေးကို လေးစားလိုက်နာခြင်း၊ ပြည်သူလူထု အခွင့်အရေးများကို ကာကွယ်ခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်သော ကြိုးပမ်းမှုများ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စဉ်ဆက်မပြတ် တိုးတက်မှု စတဲ့ အချက် ၅ချက် ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပူးပေါင်းပါဝင် ဆောင်ရွက်သောကြိုးပမ်းမှုနဲ့ပတ်သက်တဲ့ ဖော်ပြချက်မှာ ကော်သူးလေစီမံအုပ်ချုပ်နယ်မြေ တခုလုံးအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေဖို့အတွက် စည်းလုံးညီညွတ်မှုအင်အားကို အသိအမှတ် ပြုခြင်းနဲ့ မြို့နယ်များအကြား ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ကြိုးပမ်းမှုများကို မြှင့်တင်ခြင်းနဲ့ တတ်သိပညာရှင်များအား ပါဝင်ဆောင်ရွက်စေ၍ စုပေါင်းကျွမ်းကျင်မှုတွေနဲ့ စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းတို့ကို ပြည်သူလူထုတွေနဲ့အတူ ပူးပေါင်းပါဝင် ဖော်ဆောင်သွားဖို့ ကတီကဝတ် ပြုထားပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး စံနှုန်းများ မြှင့်တင်ခြင်းနဲ့ ဆက်လက်လျှောက်လှမ်းကြဖို့ ကတိပြုကြောင်း ထုတ်ပြန်ပါတယ်။

“ကြိုးပမ်းမှုတွင် မရှိမဖြစ် အရေးပါသည့် ကောင်းမွန်သော အုပ်ချုပ်မှုအလေ့အကျင့်များကို လက်ခံကျင့်သုံးခြင်း၊ ကျွန်ုပ်တို့၏ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များတွင် အောက်ခြေမှအထက်သို့ (Bottom up) အုပ်ချုပ်မှု စံနှုန်းများနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် စီမံအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ရေး တွန်းအားပေးသွားမည်” လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုတွေရဲ့ အသံတွေကို ကောင်းစွာ နားထောင်ပြီး ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရမယ့် လေးနက်သော တာဝန်တွေကို ဆောင်ရွက်မယ်လို့ KNU မြို့နယ်ခေါင်းဆောင်တွေက ကတိပြုပါတယ်။

ပြည်သူလူထုတွေရဲ့ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ၊ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးများတို့ကို ရယူကာကွယ်ပေးပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ပြည်သူလူထုနဲ့ အတူ စုပေါင်း အကာအကွယ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး ကော်သူးလေကို ထူထောင်ခြင်းနဲ့ စုံလင်ပြည့်ဝသော အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ကတိကဝတ် ပြုကြောင်း ထုတ်ပြန်ပါတယ်။

အနာဂါတ်မျိုးဆက်များအတွက် သာယာဝပြောသော၊ အားလုံး ပါဝင်နိုင်သော၊ တောင့်တင်းခိုင်မာကျစ်လစ်သော ကော်သူးလေကို တည်ဆောက်ရခြင်း ဖြစ်ကြောင်းနဲ့ စည်းလုံးညီညွတ်သော စိတ်ဓာတ်နဲ့ ကိုယ်တိုင် အခိုင်အမာ ရပ်တည်ကြောင်း ဒုတိယအကြိမ်ထပ်မံ ထုတ်ပြန်ကြေညာတယ်လို့ ဖော်ပြထားပါတယ်။

KNU မြို့နယ်ခေါင်းဆောင်တွေစုပေါင်းပါဝင်တဲ့ဆွေးနွေးပွဲကို ၂၀၂၄ မေလက ကျင်းပခဲ့ပြီး အခုလိုပဲ “မဲ့ဝါးကလိုး”ကို ပထမအကြိမ်ထုတ်ပြန်ထားဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook