Connect with us

Hi, what are you looking for?

သတင်း

KNUသိမ်းထားတဲ့ မင်းလက်ပံဒေသ ကျားဖြန့်ရုံအနီး တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောပါတယ်။

KNLAတပ်က DKBAထိန်းချုပ်တဲ့ ကျားဖြန့်ဆိုက်တစ်ခုအတွင်း ဝင်ရောက်စီးနင်း ထိန်းသိမ်းထားစဉ်။ ဓာတ်ပုံ - KNU

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ ပုရစ်/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောပါတယ်။

မင်းလက်ပံဒေသက DKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)ရဲ့အကာအကွယ်အောက် လည်ပတ်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း ပြုလုပ်ရာ ခြံဝန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)က သိမ်းပိုက်ထားပြီး လတ်တလော တိုက်ပွဲဖြစ်ပွားရာနေရာဟာလည်း အဲဒီ ကျားဖြန့်လုပ်ငန်းလုပ်တဲ့ ခြံဝန်းအနီးဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၂၁ရက်မှာ မင်းလက်ပံဒေသ(ဖလူး)ကို နယ်မြေစိုးမိုးရေး အင်အားသုံးထိုးစစ်ဆင်လာလို့ စစ်ကောင်စီတပ်နဲ့ KNU တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲဒီတိုက်ပွဲမှာ DKBA ဗိုလ်မှူးကြီး နိုင်လွင်ဦးဆောင်တဲ့ တပ်ဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းပြီး KNU တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့လို့ DKBA တပ်ဖွဲ့တွေ တပ်စွဲရာနေရာကို ရှင်းလင်းခဲ့တယ်လို့ KNUက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရှင်းလင်းမှုမှာ DKBA တပ်ဖွဲ့ဝင် အနည်းဆုံး ၂၃ဝ ဦးလက်နက်ချခဲ့သလို DKBA ရဲ့ အခြေချစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာ ခြံဝန်းကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မင်းလက်ပံရုံနေရာနဲ့ နီးနီးလေးပဲ။ ဒါပေမဲ့ သူတို့မပစ်ဘူး။ သူတို့ ပစ်ရင် ပထမအချက် သူတို့ သိက္ခာကျမယ်။နောက်ပြီးတော့ အဲဒီအထဲမှာ တရုတ်တွေအများကြီးရှိတယ်။ အခြားနိုင်ငံခြားသားတွေ တပုံကြီးရှိတယ်။ သူက မြန်မာလူထုကိုဆို သူချပြီသေချာပြီ” လို့ KNU သတင်းရင်းမြစ်က ဒေသ စစ်ရေးအခြေအနေကို ပြောပါတယ်။

မင်းလက်ပံအပါအဝင် ဒေသတွင်းမှာ DKBAနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) အကာအကွယ်ပေးထားတဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ဆောင်ရာ အဆောက်အဦးတွေများစွာ ရှိနေသေးတယ်လို့လည်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

အခု KNUသိမ်းပိုက်ခဲ့တဲ့ DKBA တပ်ဖွဲ့တပ်စွဲထားတဲ့ နေရာဟာ နိုင်ငံပေါင်းစုံမှ ထောင်ချီသောလူများကို ဂိတ်အထပ်ထပ်ပိတ်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆောင်ရွက်နေသော ခြံဝင်းဖြစ်နေကြောင်းတွေ့ရှိခဲ့လို့ အဲဒီခြံဝင်းပတ်လည်မှာခွင့်ပြုချက်မရှိဘဲ သွားလာမှုကို ကန့်သတ်တာ၊ ရာဇဝတ်မှုလုပ်ငန်းတွေမှာပါဝင်သူတွေ ထွက်ပြေးခြင်းမရှိစေဖို့ လုံခြုံရေးချမှတ်တာ လုပ်ဆောင်ခဲ့တယ်လို့ KNUက မနေ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၂၂ရက်မှာ KNUကပိတ်မိသူတွေကိုဘေးကင်းရာပို့ဆောင်ဖို့နဲ့အွန်လိုင်း ငွေလိမ်လည်မှုလုပ်

ငန်းတွေ ကွင်းဆက်အကဲဖြတ်ဖို့ မြေပြင် အကဲဖြတ် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

သက်ဆိုင်ရာ ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေ၊ အေဂျင်စီတွေဆီကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ဖြစ်ရပ်ကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လမ်းညွှန်မှုရရှိဖို့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းအသိပေးပါတယ်။

ဒါ့အပြင် မျှကြီးမားသော အွန်လိုင်းငွေလိမ်လည် မှုလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှ လေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် KNU မှ အလေးအနက် တိုက်တွန်းတောင်းဆိုချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။