Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာ အပါအဝင် ၁၉ နိုင်ငံက green card ကိုင်ဆောင်ထားသူတွေကို ပြန်စိစစ်ဖို့ ထရမ့် ညွှန်ကြား

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရထားသူတွေထဲက နိုင်ငံပေါင်း ၁၉ ခုရဲ့ နိုင်ငံသားတွေကို ပြန်လည် စိစစ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရထားသူတွေထဲက နိုင်ငံပေါင်း ၁၉ ခုရဲ့ နိုင်ငံသားတွေကို ပြန်လည် စိစစ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

အိမ်ဖြူတော်နားမှာ အာဖဂန် နစ္စတန် နိုင်ငံသား ရွှေ့ပြောင်း အခြေချသူ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် စစ်မှုထမ်း အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် စစ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့နောက် ထရမ့်ဟာ ရွှေ့ပြောင်း အခြေချသူတွေအပေါ် ဖိနှိပ်တဲ့ သူ့ရဲ့ မူဝါဒတွေကို ပိုမို တင်းကျပ်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ညွှန်ကြားချက်အရ အမေရိကန်အနှံ့ ရောက်ရှိနေတဲ့ green card ကိုင်ဆောင်သူ နိုင်ငံခြားသားတွေရဲ့ အချက်အလက်တွေကို ပြန်လည် ဆန်းစစ်ဖို့ သူအမိန့်ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုရေးရာ ဌာန (USCIS)ရဲ့ အကြီးအကဲ ဂျိုးအက်ဒ်လိုက လူမှုကွန်ရက် မီဒီယာ Xမှာ နိုဝင်ဘာ ၂၇ ရက်နေ့တုန်းက ရေးသားခဲ့ပါတယ်။

မီဒီယာတွေက အဲဒီကိစ္စကို ပိုပြီး အသေးစိတ် မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့အခါ အက်ဒ်လိုက ဇွန်လတုန်းက သမ္မတရဲ့ လူဝင်မှု ကြီးကြပ်ရေး ကန့်သတ်အမိန့် ထုတ်ပြန်ချက် စာရင်းပါ ၁၉ နိုင်ငံရဲ့ green card ကိုင်ဆောင်သူ နိုင်ငံသားတွေကို ပြန်လည် စိစစ်မှာ ဖြစ်တယ်လို့ ဖြေခဲ့ပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

စာရင်းအတိအကျကတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားတို့ ဖြစ်ပါတယ်။

USCISရဲ့ မိခင် ဝန်ကြီးဌာနဖြစ်တဲ့ ပြည်တွင်းလုံခြုံရေး ဌာနကလည်း အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ပြုခဲ့သူ အားလုံးကို ပြန်လည် စစ်ဆေးမယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော်နားက ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ အာဖဂန် နိုင်ငံသားဟာလည်း အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ရရှိထားသူပါ။

ထရမ့်က ဘိုင်ဒန်လက်ထက်မှာ ဇစ်မြစ်တိတိကျကျတောင် မသိရတဲ့ လူပေါင်း သန်း ၂၀ လောက်ဟာ အမေရိကန်ကို ကြုံသလိုနည်းတွေနဲ့ ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အဲဒီအခြေအနေက အမေရိကန် နိုင်ငံသားတွေရဲ့ ရှင်သန်ရပ်တည်မှုကိုတောင် အကြီးအကျယ် ခြိမ်းခြောက်နေပြီလို့ ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။