Connect with us

Hi, what are you looking for?

သတင်း

ဒရုန်းတိုက်ခိုက်မှုအပြီး ချာနိုဘိုင်း နျူကလီးယား စက်ရုံဟောင်းရဲ့ အကာအကွယ်အလွှာ ပုံမှန် အလုပ်မလုပ်တော့

ယူကရိန်းမှာ နျူကလီးယား ကပ်ဘေးတစ်ခု ကြုံခဲ့ဖူးရာ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံ နေရာကို ဖုံးကာထားတဲ့ အကာအကွယ် အလွှာဟာ ဒရုန်းတိုက်ခိုက်မှုဒဏ် ခံရပြီး ကတည်းက စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းမှာ နျူကလီးယား ကပ်ဘေးတစ်ခု ကြုံခဲ့ဖူးရာ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံ နေရာကို ဖုံးကာထားတဲ့ အကာအကွယ် အလွှာဟာ ဒရုန်းတိုက်ခိုက်မှုဒဏ် ခံရပြီး ကတည်းက စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားကြောင်း သိရပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ရေဒီယို သတ္တိကြွမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ရာ ချာနိုဘိုင်း စက်ရုံနေရာကနေ အဲဒီလို ယိုစိမ့်မှုတွေ ဖြစ်မလာအောင် တားဆီးဖို့အတွက် အထူးစီမံထားတဲ့ အကာအရံ အလွှာကို တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အလွှာဟာ နှစ်ဆန်းပိုင်းတုန်းက ဒရုန်းတိုက်ခိုက်မှု တစ်ခုမှာ ထိခိုက် ပျက်စီးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ထုတ်ပြန်ချက်မှာတော့ ဒရုန်းတိုက်ခိုက်မှုဒဏ် ခံခဲ့ရပြီး ကတည်းက အဲဒီအဖုံးအကာ အလွှာဟာ မူလ ရည်မှန်းချက် တာဝန်တွေကို ထိထိရောက်ရောက် ပြည့်မီအောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘူးလို့ ပါရှိခဲ့ပါတယ်။

ရေဒီယို သတ္တိကြွမှုတွေ ယိုစိမ့်ထွက်မလာအောင် တားဆီးတာ အပါအဝင် အဲဒီ အဆောက်အအုံရဲ့ အဓိက တာဝန်ယူရမယ့် လုပ်ငန်းစဉ်တွေကို ထိရောက်ပြည့်မီအောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘူးလို့ IAEAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းကတော့ အဲဒီ နျူကလီးယား စက်ရုံဟောင်းကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီလမှာ စွပ်စွဲခဲ့ပြီး ရုရှားကတော့ ငြင်းဆိုထားပါတယ်။

IAEAက လတ်တလော တွေ့ရှိချက်တွေအရဆိုရင် နောက်ဆက်တွဲ ပိုပြီး ယိုယွင်းထိခိုက်မှုတွေ ဆိုးမလာခင် အဲဒီ အဖုံးအကာ အလွှာကို ပြန်ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ရေဒီယို သတ္တိကြွမှုတွေ အရမ်း အပြင်းအထန် ယိုဖိတ်လာတော့မယ် ဆိုတာမျိုး လွန်လွန်ကဲကဲ စိုးရိမ်စရာတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

၁၉၈၆ ခုနှစ်၊ ချာနိုဘိုင်း ဖြစ်စဉ်ဟာ လူ့သမိုင်းမှာ အဆိုးဆုံး နျူကလီးယား မတော်တဆမှု တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီတုန်းက ချာနိုဘိုင်းမြို့နားက နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ရာက ရေဒီယို သတ္တိကြွ အပျက်အစီး အစိတ်အပိုင်းတွေ ပတ်ဝန်းကျင်ကို ပျံ့နှံ့ကုန်ပြီး ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရေဒီယို သတ္တိကြွမှုတွေကို ဟန့်တားဖို့ ရည်ရွယ်ပြီး အထူးစီမံထားတဲ့ အကာအကွယ် အလွှာကို အဲဒီစက်ရုံဟောင်းပေါ်မှာ တည်ဆောက်ခဲ့တာပါ။ မူလက အလွှာရဲ့ စွမ်းဆောင်ရည်အပြည့် အကာအကွယ် ပေးနိုင်မှု သက်တမ်းဟာ နှစ် ၃၀ ဖြစ်ပါတယ်။ ပညာရှင်တွေကတော့ ချာနိုဘိုင်း ဓာတ်ပေါင်းဖို နေရာကနေ ရေဒီယို သတ္တိကြွမှု အကြွင်းအကျန်တွေ အားလုံး ကင်းရှင်းသွားတဲ့ထိ နှစ်ပေါင်း ၁၀၀ လောက် အချိန်ယူရနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။