Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်အတွင်း နယ်စပ်တပ်စခန်း ၅၅ ခုကို KNU သိမ်းယူ

ထိုင်း – မြန်မာနယ်စပ်တလျှောက်ရှိစစ်ကောင်စီတပ်စခန်း ၅၅ ခုကိုတစ်နှစ်အတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်တဲ့ “အရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း”အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ – ၉ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ်တလျှောက်ရှိစစ်ကောင်စီတပ်စခန်း ၅၅ ခုကိုတစ်နှစ်အတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်တဲ့ “အရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း”အစီရင်ခံစာမှာ ဖော်ပြပါတယ်။

KNU ရဲ့ အုပ်ချုပ်ရေးန​ယ်မြေကို ခရိုင် ၇ ခုနဲ့ ဖွဲ့စည်းထားပြီး ဒူးပလာယာခရိုင် (ဖားအံ) ၊ မူ​တြော် ခရိုင်( ဖာပွန်) ၊ ဘိတ်-ထား၀ယ် ခရိုင် ၊ခလယ်လွီထူခရိုင် (​ညောင်​လေးပင်) ​တောအူခရိုင် (​တောင်ငူ) ​နဲ့ ဒူးသထူခရိုင်(သထုံ)တို့ဖြစ်ပါတယ်။

အဲဒီခရိုင်တွေထဲက နယ်စပ်တပ်စခန်း ၅၅ ခုကို ပြီးခဲ့တဲ့ နှစ်သြဂုတ်လကနေ အခုနှစ် သြဂုတ်လအထိ တစ်နှစ်တာအတွင်းသိမ်းယူခဲ့တာပါ။

Public Service Announcement

Public Service Announcement

“စခန်းတော်တော်များကလည်း ထိုင်းနိုင်ငံနယ်စပ်တ လျှောက်ရှိ KNU ရဲ့ လက်အောက်မှာ လုံး၀နီးပါးရောက်ရှိနေပြီဖြစ်တယ်၊ လွန်ခဲ့တဲ့တစ်နှစ်မှာဆိုရင်လည်း KNU ဟာ သံလွင်မြစ်နယ်စပ်တစ်လျှောက်လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်၊ မြ၀တီရဲ့ မြောက်ဘက်နဲ့တောင်ဘက် သောင်ရင်းမြစ်နယ်စပ်အများစုကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်” လို့ အစီရင်ခံစာမိတ်ဆက်ပွဲမှာ KPSN က နော်ချယ်ရီက ရှင်းလင်းပြောကြားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ က စကာ အခုနှစ် သြဂုတ်လအထိ လေးနှစ်ကျော်ကာလအတွင်းမှာတော့ KNU နဲ့ ပူးပေါင်းတပ်က သိမ်းယူထားတဲ့ တပ်စခန်းဟာ နယ်စပ်စခန်းတွေအပါအဝင် စုစုပေါင်း ၁၉၃ ခုထိရှိလာပြီလို့ KPSN ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ ဒေသခံပြည်သူတွေကို ကြောက်ရွံ့စေဖို့၊ တော်လှန်ရေးအဖွဲ့အစည်းတွေ ခုခံမှုနဲ့ စိတ်ဓာတ်ကျဆင်းစေဖို့ ရည်ရွယ်ပြီး အများပြည်သူဆိုင်ရာ အဆောက်အဦးအများအပြားကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ စက်တင်ဘာလကနေအခုနှစ် စက်တင်ဘာလအထိတစ်နှစ်အတွင်း KNU ရဲ့အုပ်ချုပ်ရေး နယ်မြေ ၇ ခုထဲမှာရှိတဲ့ဘုန်းကြီးကျောင်း၊ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊စာသင် ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အဦးတွေအပါအဝင် အရပ်ဘက်အဆောက်အဦး စုစုပေါင်း ၁၀၈ လုံး ပျက်စီးခဲ့တယ်လို့ KPSN က ပြောပါတယ်။

ဒါအပြင် KNU က အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားတဲ့ ခရိုင် ၇ ခုထဲမှာ စစ်ဘေးရှောင်ပြည်သူ၁ ဒသမ၂ သန်းကျော်ရှိလာပြီလို့ သိရပါတယ်။

” စစ်ရှောင်တွေဟာ အစားအစာ အခက်အခဲ၊ နေစရာထိုင်စရာ ဆေးဘက်ဆိုင်ရာအကူအညီ အများကြီးလိုအပ်ပါတယ်” လို့ နော်ချယ်ရီက အစီရင်ခံစာမိတ်ဆက်ပွဲမှာ ရှင်းလင်းပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook