Connect with us

Hi, what are you looking for?

သတင်း

ကနီ မြစ်ဆိပ်ကို စစ်‌ကောင်စီဗုံးထပ်ကြဲလို့ အရပ်သားထိခိုက်မှုရှိပြီး စက်လှေ နစ်မြုပ်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က လှေဆိပ်ကို ဒီ‌နေ့ ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ဂျက််ဖိုက်တာနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား နှစ်ဦး ဒဏ်ရာရပြီး စက်လှေတစ်စီးနစ်မြုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၄ရက်က ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးလေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ခဲ့တဲ့ မော်တော်တစ်စီး။ ဓာတ်ပုံ-Flie Video

ဒီဇင်ဘာ-၉၊ ၂၀၂၅။ မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က လှေဆိပ်ကို ဒီ‌နေ့ ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ဂျက််ဖိုက်တာနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား နှစ်ဦး ဒဏ်ရာရပြီး စက်လှေတစ်စီးနစ်မြုပ်ခဲ့ပါတယ်။

ကနီမြို့နယ် မုဌောရွာက ချင်းတွင်းမြစ်ဆိပ်ကမ်းကို မွန်းလွဲပိုင်း ၁နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲခဲ့တာ ဖြစ်ပါတယ်။

“လူသိပ်မရှိတဲ့အချိန်ဖြစ်လို့ တော်သေးတယ်။ နှစ်ယောက်ကတော့ ရှပ်ထိတယ်။ စက်လှေကတော့ လုံးလုံးမြုပ်သွားတယ်။ လေးလုံးတောင် ချတာ”လို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဒီရက်ပိုင်းမှာ ကနီမြို့နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေပါတယ်။ ဒီဇင်ဘာ ၄ရက်ကလည်း ကနီမြို့နယ်က ချင်းတွင်းမြစ်ကြောင်းထဲကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံးပြီး စက်လှေအချို့လည်း နစ်မြုပ်ပျက်စီးခဲ့ပါတယ်။။

နိုဝင်ဘာ ၁၁ရက်က ကနီမြို့နယ်၊ ဝင်မနားရွာ တိုက်နယ်ဆေးရုံကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ရက်ကလည်းမင်းအိုရွာနဲ့ သရက်ပင်ရွာကြား စစ်ကောင်စီက ဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒီဇင်ဘာ ၅ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်မှာ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၁၉ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၆ရက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင် ၁၁ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။