Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူတာတေးရဲ့ ဖိလစ်ပိုင် သမ္မတ အရိုက်အရာ ဆက်ခံနိုင်သူတွေ စာရင်းမှာ လက်ဝှေ့ကျော် ပက်ကွီအို ပါဝင်လာ

ရွေးကောက်ပွဲမှာ သူ့နေရာကို ဆက်ခံပြီး ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်လောင်းတွေ စာရင်းမှာ ကမ္ဘာကျော် လက်ဝှေ့သမား မန်နီ ပက်ကွီအိုရဲ့ နာမည်ကိုလည်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ထည့်သွင်းထားလိုက်ပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက လာမယ့် ရွေးကောက်ပွဲအတွက် သမ္မတလောင်း ဖြစ်နိုင်ခြေ ရှိသူတွေ စာရင်းမှာ ဒူတာတေးရဲ့ သမီး၊ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်သူတို့လည်း ဆန်ခါတင်အဖြစ် ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ တစ်ဦးဟာ ၆ နှစ်သက်တမ်း တစ်ကြိမ်သာ တာဝန်ယူခွင့်ရှိပြီး ဒူတာတေးရဲ့ သမ္မတ သက်တမ်းက လာမယ့်နှစ်၊ ဇွန်လကျရင် ကုန်ဆုံးတော့မှာပါ။ ဒူတာတေးရဲ့ ပါတီကတော့ သမ္မတ အနေနဲ့ ဒုတိယ သမ္မတ ရွေးကောက်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတ ရာထူးကို သမ္မတက ရွေးချယ်ရတာ မဟုတ်ဘဲ သီးခြား ရွေးကောက်ပွဲ ယှဉ်ပြိုင်ရတာ ဖြစ်သလို သမ္မတနဲ့ မတူညီတဲ့ လုပ်ပိုင်ခွင့်တွေလည်း ရရှိနိုင်ပါတယ်။

ဒူတာတေးရဲ့ နေရာကို ဆက်ခံပီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့အတွက် အာဏာရ ပီဒီပီ လာဘန် ပါတီက ဒူတာတေးရဲ့ သမီး၊ ဒါဗာအို မြို့တော်ဝန် ဆာရာ ဒူတာတေး ကာပီရို၊ ကမ္ဘာကျော် လက်ဝှေ့သမား ပက်ကွီအို၊ မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန် ဘွန်ဘွန် မားကို့စ်၊ မနီလာ မြို့တော်ဝန် ဖရန်ဆစ္စကို ဒိုမာဂိုဆို၊ လွှတ်တော်အမတ် ခရစ္စတိုဖာ ဘွန်ဂိုတို့ကို လျာထားတယ်လို့ သိရပါတယ်။

ဒူတာတေးရဲ့ နေရာကို ဆက်ခံဖို့အတွက် ရွေးချယ်စရာ တော်တော်များများ ရှိနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရ အရာရှိ ဟယ်ရီ ရိုကေးက ဆိုပါတယ်။ ဒါပေမဲ့ ဒူတာတေးဟာ ဘယ်သူဘယ်ဝါကို ထောက်ခံ ရွေးချယ်မယ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝိတ်တန်း ရှစ်ခုမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ပက်ကွီအိုဟာ ၂၀၀၇ ခုနှစ်မှာ နိုင်ငံရေး နယ်ပယ်ထဲ စတင် ဝင်ရောက်လာခဲ့ပြီး လက်ရှိ ဖိလစ်ပိုင် လွှတ်တော် အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတ ဒူတာတေးကို လူကြိုက်များမှု မြင့်တက်နေဆဲ ဖြစ်တာကြောင့် သူထောက်ခံတဲ့ သမ္မတလောင်းဟာ ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

Facebook