Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူတာတေးရဲ့ ဖိလစ်ပိုင် သမ္မတ အရိုက်အရာ ဆက်ခံနိုင်သူတွေ စာရင်းမှာ လက်ဝှေ့ကျော် ပက်ကွီအို ပါဝင်လာ

ရွေးကောက်ပွဲမှာ သူ့နေရာကို ဆက်ခံပြီး ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်လောင်းတွေ စာရင်းမှာ ကမ္ဘာကျော် လက်ဝှေ့သမား မန်နီ ပက်ကွီအိုရဲ့ နာမည်ကိုလည်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ထည့်သွင်းထားလိုက်ပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက လာမယ့် ရွေးကောက်ပွဲအတွက် သမ္မတလောင်း ဖြစ်နိုင်ခြေ ရှိသူတွေ စာရင်းမှာ ဒူတာတေးရဲ့ သမီး၊ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်သူတို့လည်း ဆန်ခါတင်အဖြစ် ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ တစ်ဦးဟာ ၆ နှစ်သက်တမ်း တစ်ကြိမ်သာ တာဝန်ယူခွင့်ရှိပြီး ဒူတာတေးရဲ့ သမ္မတ သက်တမ်းက လာမယ့်နှစ်၊ ဇွန်လကျရင် ကုန်ဆုံးတော့မှာပါ။ ဒူတာတေးရဲ့ ပါတီကတော့ သမ္မတ အနေနဲ့ ဒုတိယ သမ္မတ ရွေးကောက်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတ ရာထူးကို သမ္မတက ရွေးချယ်ရတာ မဟုတ်ဘဲ သီးခြား ရွေးကောက်ပွဲ ယှဉ်ပြိုင်ရတာ ဖြစ်သလို သမ္မတနဲ့ မတူညီတဲ့ လုပ်ပိုင်ခွင့်တွေလည်း ရရှိနိုင်ပါတယ်။

ဒူတာတေးရဲ့ နေရာကို ဆက်ခံပီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့အတွက် အာဏာရ ပီဒီပီ လာဘန် ပါတီက ဒူတာတေးရဲ့ သမီး၊ ဒါဗာအို မြို့တော်ဝန် ဆာရာ ဒူတာတေး ကာပီရို၊ ကမ္ဘာကျော် လက်ဝှေ့သမား ပက်ကွီအို၊ မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန် ဘွန်ဘွန် မားကို့စ်၊ မနီလာ မြို့တော်ဝန် ဖရန်ဆစ္စကို ဒိုမာဂိုဆို၊ လွှတ်တော်အမတ် ခရစ္စတိုဖာ ဘွန်ဂိုတို့ကို လျာထားတယ်လို့ သိရပါတယ်။

ဒူတာတေးရဲ့ နေရာကို ဆက်ခံဖို့အတွက် ရွေးချယ်စရာ တော်တော်များများ ရှိနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရ အရာရှိ ဟယ်ရီ ရိုကေးက ဆိုပါတယ်။ ဒါပေမဲ့ ဒူတာတေးဟာ ဘယ်သူဘယ်ဝါကို ထောက်ခံ ရွေးချယ်မယ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝိတ်တန်း ရှစ်ခုမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ပက်ကွီအိုဟာ ၂၀၀၇ ခုနှစ်မှာ နိုင်ငံရေး နယ်ပယ်ထဲ စတင် ဝင်ရောက်လာခဲ့ပြီး လက်ရှိ ဖိလစ်ပိုင် လွှတ်တော် အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတ ဒူတာတေးကို လူကြိုက်များမှု မြင့်တက်နေဆဲ ဖြစ်တာကြောင့် သူထောက်ခံတဲ့ သမ္မတလောင်းဟာ ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် စစ်တပ်သုံး လေယာဉ်ငယ်တစ်စီး ဖိလစ်ပိုင် တောင်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း ဌာနချုပ်လို့ ယုံကြည်ရတဲ့ နေရာတစ်ခုကို မြို့တော် မနီလာမှာ ဝင်ရောက် စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၄၀၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးမှာ ၂၀၁၇ ခုနှစ်တုန်းကလည်း သမ္မတ ပက်ခ်ဂွမ်ဟေးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက် အရှုပ်အထွေးတွေကြောင့် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

Facebook