ဒီဇင်ဘာ-၁၆၊၂၀၂၅၊ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ခရီးသည်တင် ယာဉ် ကားတန်းကို စစ်တပ်က လေကြောင်းကနေ ၁၀ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် ၄ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်တောင်ခြမ်းက မအူရွာနဲ့ ရွာသစ် ကုန်းရွာအနီး ပိတ်မိနေတဲ့ခရီးသွားယာဉ်တန်းကို စစ်တပ်က ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ မနက်၁၀နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ရွာသစ်ကုန်းရွာအနီးမှာက ခရီးသွားနေတဲ့ ဘုန်းကြီးကား ပေါ်ကျတာ။ဘုန်းကြီးရော ယာဉ်မောင်း ရောကား ပေါ်ပါအမျိုးသား၂ဦးနဲ့ စုစုပေါင်း ၄ဦးသေတယ်။စုတ်ပြတ်နေတာပဲ ရစရာမရှိဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

Public Service Announcement
မအူရွာအနီးကိုလည်း လေကြောင်းတိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ရာ ခရီးသည်တင်ကားတွေပျက်စီးကာ ဖုန်းလိုင်းအခက်အခဲကြောင့် ယခုချိန်အထိ အထိအခိုက်အတည်မပြုနိုင် သေးဘူးလို့ သိရပါတယ်။
Wetlet information Network ကတော့ စစ်တပ် က ရွှေမြို့နယ်ကို ၁နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း သန်းတောတဲတိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ရွှေဘိုမြိုနယ်ကနေ စစ်ရှောင်လာတဲ့ ကုလားမကျေးရွာက ကလေးငယ်အပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ပါသေးတယ်။






















































