Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ ပျူစောထီးတွေက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း ဒရုန်းနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းအဆောက်အအုံတချို့ ပျက်စီးပြီး စစ်ရှောင်တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ထိခိုက်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်းဝင်းထဲက အဆောက်အအုံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ချောင်းဦးသပိတ်ဆရာတော်

ဒီဇင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းအဆောက်အအုံတချို့ ပျက်စီးပြီး စစ်ရှောင်တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ရက် ည ၁၁နာရီခန့်က ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာက လက်တော်ရာကျောင်းတိုက်ကို ကင်မွန်းတော်ကျေးရွာက ပျူစောထီးစခန်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီဗုံးကြဲမှုကြောင့် ကျောင်းတိုက်က အဆောက်အအုံတချို့ ပျက်စီးပြီး ကျောင်းဝင်းထဲက စစ်ဘေးရှောင်တွေနေတဲ့ ယာယီတဲတစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပြည်သူတွေက နောက်တစ်နေရာ ဆက်ပြီးစစ်ဘေးရှောင်နေကြလို့ သေဆုံးထိခိုက် မရှိတာ။ ပုံမှန်အတိုင်းဆို မတွေးဝံ့စရာရယ်။ အသေအပျောက်များမှာ။ လက်နက်ကြီး နေ့မနား ညမနား ပစ်ခက်နေတော့ပြည်သူတွေက ဘေးလွတ်ရာ ရှောင်တိိမ်းနေကြတာ။အဲ့ဒါကြောင့်မထိတာ”လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ကြားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ချောင်းဦးနယ်အတွင်း ပါရာမိုတာ၊ ဂျိုင်အိုကော်ပတာ၊ လက်နက်ကြီး စတာတွေနဲ့ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေလို့ တောကျောင်းလေးကျေးရွာ၊ ဝယာကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နဂါးဗိုလ်ကျေးရွာ၊ ရွှေကူကျေးရွာနဲ့တစောင်းကျေးရွာတို့က ပြည်သူတွေ တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းက ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေနေ့စဥ်သေဆုံးနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။