Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပေါ်တာဆွဲခံရတဲ့လူငယ်တွေ လိုက်ရွေးပေမဲ့ စစ်တပ်က ငွေယူပြီး လူကိုပြန်လွှတ်မပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ခေါ်ဆောင်ခံရသည့်လူငယ်များအား သင်တန်းကျောင်းတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

ဒီဇင်ဘာ-၁၇၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်တွေကို မိဘဆွေမျိုးတွေက ငွေနဲ့လိုက်ရွေးခဲ့ကြောင်း၊ တစ်ဦးကို ငွေကျပ် သိန်းငါးဆယ်ကျော် ကုန်ကျသွားခဲ့ပေမဲ့ လူငယ်တွေကိုတော့ စစ်တပ်က ပြန်လွှတ်ပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“အသိတစ်ယောက်ရဲ့သား မသန်စွမ်းကလေး ပေါ်တာဆွဲခံရတာ နမခထဲရောက်သွားတယ်။ နောက်ရက်ကျသားနဲ့တွေ့ခွင့်ပေးတယ် သိန်း၅၀ယူခဲ့ မနက်ဖြန်လွှတ်ပေးမယ်ပြောတယ်။ သိန်း၅၀ ပေးပြီးတော့ အဲ့ကောင်လေးကိုလွတ်မပေးပဲတခြားစစ်တပ်ဘက်ပို့လိုက်တယ်။ မသန်စွမ်းဆိုတော့ စစ်မတိုက်ရဘူးမွေးမြူရေးခြံမှာ ​ခိုင်းထားတာတဲ့”လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားဖမ်းဆီးခံရတဲ့လူငယ်တွေကိုလည်း ငွေသာယူပြီး လွှတ်မပေးဘဲ တောင်ငူနဲ့ တောင်ကြီးမြို့က စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေဆီ ပို့လွတ်လိုက်ကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ ယခုဒီဇင်ဘာလအတွင်း မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ နေ့စဥ်ပြုလုပ်နေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။