Connect with us

Hi, what are you looking for?

သတင်း

လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့မြန်မာအပေါ် စွပ်စွဲချက်ကို ဇန်နဝါရီလမှာ ICJ ကြားနာဖို့ စီစဉ်ထား

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှုကို ဇန်နဝါရီလမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၂၂ ​ဖေ​ဖော်ဝါရီလမှာ ICJ မှာ ရိုဟင်ဂျာများအ​ပေါ်လုမျိုးသုဥ်းသတ်ဖြတ်မှုကို ကြားနာစဥ်နှင့် စစ်​ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင် ​လျှောက်လဲချက်​ပေးစဥ်။ဓါတ်ပုံ-ICJ

ဒီဇင်ဘာ-၂၀၊၂၀၂၅။People’s Spring

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှုကို ဇန်နဝါရီလမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ (UN)ရဲ့အဆင့်အမြင့်ဆုံးတရားရုံး တစ်ခုဖြစ်တဲ့ ICJဟာ သမိုင်းဝင် အခြေအနေတစ်ခု ဖြစ်လာနိုင်တဲ့ အဲဒီ ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်နေ့ထိ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာကြားနာမှု တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေ ကိစ္စဟာ ဂါဇာကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ICJဆီ စွဲချက်တင်ထားတဲ့ အမှုအပေါ်မှာလည်း ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ရိုဟင်ဂျာ အရေးဟာ ဆယ်စုနှစ် တစ်ခုကျော်လောက် ကာလအတွင်း ICJမှာ ပထမဆုံးအကြိမ် ပြန်လည်တွေ့မြင်ရတဲ့လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်လည်း ဖြစ်လာမှာပါ။

မွတ်ဆလင်အများစုနေထိုင်ရာနိုင်ငံတစ်ခုဖြစ်တဲ့ဂမ်ဘီယာဟာ မြန်မာအပေါ် စွပ်စွဲချက်တွေကို ဇန်နဝါရီ ၁၂ ကနေ ၁၅ ရက်နေ့ထိ တင်ပြသွားမှာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး (OIC)ရဲ့ ကျောထောက်နောက်ခံ ပြုမှုနဲ့ ဂမ်ဘီယာဟာ ၂၀၁၉ ခုနှစ်မှာမြန်မာနိုင်ငံကို ICJမှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့ မြန်မာဖက်ကတော့ ဇန်နဝါရီ ၁၆ ကနေ ၂၀ အတွင်း ခုခံလျှောက်ထားမှုတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။နောက်ပြီး လုပ်ရိုးလုပ်စဉ် အခြေအနေ တစ်ခုမဟုတ်ဘဲ ICJဟာ မျက်မြင်သက်သေတွေအတွက် ၃ ရက်ကြာ ကြားနာမှုကို ရက်သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီ ကြားနာမှုတွေကိုတော့ ပြည်သူ

လူထုနဲ့ မီဒီယာတွေရဲ့ကွယ်ရာမှာ တံခါးပိတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုကတော့၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့်ရိုဟင်ဂျာ ၇၃၀,၀၀၀ လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရပြီး အဲဒီလုပ်ရပ်ဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု မြောက်တယ်လို့ ကောက်ချက်ချဲ့ပါတယ်။

မြန်မာဖက်ကတော့ အဲဒီမစ်ရှင်ရဲ့ တွေ့ရှိချက်ဟာ ဘက်လိုက်သလိုဟာကွက်တွေရှိနေတယ်လို့လည်းတုံ့ပြန်ပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်တုန်းကစစ်တပ် အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့တိုင်ICJဟာလူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေကို ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

Facebook