Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမှာ ကြေးနီတင်ယာဥ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကထွက်လာတဲ့စစ်ကောင်စီရဲ့ကြေးနီတင်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိကြောင်း သတင်းရရှိပါတယ်။
ဒီဇ

​ကြေးနီယာဥ်တန်းကို တိုက်ခိုက်စဥ်။ဓါတ်ပုံ-TGR

ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကထွက်လာတဲ့စစ်ကောင်စီရဲ့ကြေးနီတင်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိကြောင်း သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မနက် ၁၁ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်း၊ မြင်းမူမ်ြို့နယ်၊ အလ္လကပ္ပရွာအနီးမှာ မုံရွာအ​ခြေစိုက်နမခကနေ ထွက်လာတဲ့ ၂၄ စီးပါ စစ်ကောင်စီယာဥ်တန်းအနက် ၃ စီးမြောက်နဲ့ ၇ စီးမြောက် ယာဥ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“၅ ကောင်သေတယ်။၂ ကောင်ဒဏ်ရာရတယ်။”လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။ စစ်တပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

Public Service Announcement

Public Service Announcement

နေ့ခင်းပိုင်းမှာတော့ မိုင်းဆွဲခံရတဲ့နေရာမှာ မိုင်းထိပျက်စီးသွားတဲ့ကားအပိုင်းအစတွေကိုမီးရှို့နေတယ်လို့ ၎င်းက ပြောပါတယ်။

စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အဲဒီစစ်ဆင်ရေးကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊မြင်းမူမြို့နယ်ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖ၊အမုန်းဗျင်းမဲ့ Drone Teams တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းချိန် ရမ်းသမ်းပစ်ခတ်မှုတွေရှိနေလို့ မုံရွာ-မန္တလေးလမ်း ယာယီပိတ်ထားခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသတွေကို စစ်တပ်က ပစ်မှတ်ထား ဗုံးကြဲနေပြီး မတ်လ ၂၂ရက် တစ်ရက်တည်းမှာ ဂျက်ဖိုက်တာအပြင် Gyrocopter(စက်တပ်လေထီး)နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့အနီးက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်နေပြီး ခရီးသည်တင်ကားတွေပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။