Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ ခရီးသွားတွေ ကားစောင့်တဲ့ဂိတ်ကို လေကြောင်းတိုက်ခိုက်လို့စျေးသည်လင်မယား တဦး​သေပြီး တဦးဒဏ်ရာ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မ​နေ့ည​နေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် လမ်းဆုံကားဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-BDF-Budalin Denfense Force

ဒီဇင်ဘာ ၂၅၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မ​နေ့ည​နေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်က ဘုတလင်မြို့နယ်၊ ဘုတလင်-ရေဦးလမ်း၊ ကင်းစမ်းလမ်းခွဲကားဂိတ်ကို စစ်တပ်က Gyrocopter ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကားဂိတ်အနီးမှာ ရောင်းချနေတဲ့ ကွမ်းယာသည် လင်မယား၂ယောက် ထိခိုက်ခဲ့ရာ အမျိုးသမီးသေဆုံးကြောင်း ဒေသခံများက ပြောပါတယ်။

“ကွမ်းယာသည်လင်မယားကိုထိတာ။ အခြား ခရီးသွား မထိဘူး”လို့ BDF-Budalin Denfense Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သွားတဲ့ အမျိုးသားလည်း ဒဏ်ရာပြင်းထန်လို့ ဆေးကုသနေရဆဲဖြစ်ကြောင်းစုံစမ်းသိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ခရိုင်ချင်းဆက်လမ်းအနီးက ငါးပတ်ချောင်းရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု

ကြောင့် အနည်းဆုံး ပြည်သူ ၁၄၉ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်က ထန်းတောကျေးရွာနဲ့ ချောင်းသာရွာတို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။