Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ ခရီးသွားတွေ ကားစောင့်တဲ့ဂိတ်ကို လေကြောင်းတိုက်ခိုက်လို့စျေးသည်လင်မယား တဦး​သေပြီး တဦးဒဏ်ရာ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မ​နေ့ည​နေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် လမ်းဆုံကားဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-BDF-Budalin Denfense Force

ဒီဇင်ဘာ ၂၅၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မ​နေ့ည​နေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်က ဘုတလင်မြို့နယ်၊ ဘုတလင်-ရေဦးလမ်း၊ ကင်းစမ်းလမ်းခွဲကားဂိတ်ကို စစ်တပ်က Gyrocopter ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကားဂိတ်အနီးမှာ ရောင်းချနေတဲ့ ကွမ်းယာသည် လင်မယား၂ယောက် ထိခိုက်ခဲ့ရာ အမျိုးသမီးသေဆုံးကြောင်း ဒေသခံများက ပြောပါတယ်။

“ကွမ်းယာသည်လင်မယားကိုထိတာ။ အခြား ခရီးသွား မထိဘူး”လို့ BDF-Budalin Denfense Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သွားတဲ့ အမျိုးသားလည်း ဒဏ်ရာပြင်းထန်လို့ ဆေးကုသနေရဆဲဖြစ်ကြောင်းစုံစမ်းသိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ခရိုင်ချင်းဆက်လမ်းအနီးက ငါးပတ်ချောင်းရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု

ကြောင့် အနည်းဆုံး ပြည်သူ ၁၄၉ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook