Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့က ခလရ(၂၆၆)ကို ချင်းကာကွယ်ရေးတပ်တွေထိုးစစ်ဆင်

ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)​ခြေလျင်တပ်ရင်းကိုချင်း​တော်လှန်​ရေးတပ်​တွေကထိုးစစ်ဆင်တိုက်ခိုက်​နေပြီးတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့ ​ဒေသခံနဲ့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဒီဇင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring

ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)​ခြေလျင်တပ်ရင်းကိုချင်း​တော်လှန်​ရေးတပ်​တွေကထိုးစစ်ဆင်တိုက်ခိုက်​နေပြီးတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့ ​ဒေသခံနဲ့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေလို့ ဒေသခံတွေ လေကြောင်းအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးပါတယ်။။

ဟားခါးမြို့က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၆၆)အနီးမှာ မနက်၅နာရီခန့်ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး CDF-Hakhaနဲ့ ချင်းကာကွယ်ရေးရဲဘော်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က မကွေးနဲ့ တံတားဦးလေတပ်ကနေတက်တဲ့ ဂျက်ဖိုက်တာတွေ‌နဲ့ ဗုံးကြဲနေတယ်လို့ သတင်းရရှိပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ CDF-ဟားခါးက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒေသခံတွေလေကြောင်းအန္တရာယ်လုံခြုံရေးအတွက် အထူးသတိထားဖို့ကိုတော့ ချင်းကာကွယ်ရေးရဲဘော်တချို့က သီးခြားသတိပေးပါတယ်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ​တောင်ကုန်းတစ်ခု​ပေါ်က မီးခိုး​လုံးတွေ ထွက်​နေတာကို တိုက်ပွဲပြင်းထန်စွာဖြစ်ပွား​နေတာကို ​ဒေသခံအချို့တင်ထားတဲ့ ရုပ်သံမှတ်တမ်းမှာ​တွေ့ရပါတယ်။

တိုက်ပွဲသတင်းကိုမထုတ်ပြန်သေးပေမယ့် ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၄ရက်မှာတော့ စစ်တပ်​ရွေး​ကောကိပွဲနဲ့ပတ်သက်တဲ့သတိ‌ပေးချက်ကို CDF ဟားခါးက ကြေညာခဲ့ပါတယ်။စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့ နယ် အတွင်း ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်း၊ဝယ်ယူခြင်းမပြုလုပ်ကြဖို့ အသိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီက ဟားခါးမြို့မှာရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေပြီး ဒေသခံတွေအနေနဲ့ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့CDF Hakhaက သတိပေးထားပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲရက်ပိုင်းအလိုမှာ မ​ကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊မန္တ​လေးတိုင်း ၊ကချင်ပြည်နယ် ၊ချင်းပြည်နယ်စတဲ့​ဒေသ​တွေမှာ စစ်တပ်စခန်း​တွေ၊တပ်ရင်း​တွေကို ​တော်လှန်​ရေးတပ်​တွေက ထိုးစစ်ဆင်တိုက်ခိုက်တာကို အရှိန်မြှင့်လိုက်တာ​တွေ့ရပါတယ် ။

ဟားခါးမြို့က ခလရ(၂၆၆)ကို ချင်းကာကွယ်ရေးတပ်တွေထိုးစစ်ဆင် ဒီဇင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People's Spring ဟားခါးမြို့မှာ…

Posted by People's Spring on Thursday 25 December 2025

ရုပ်သံ-​ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကြားမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။