ဒီဇင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring
ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)ခြေလျင်တပ်ရင်းကိုချင်းတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေလို့ ဒေသခံတွေ လေကြောင်းအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးပါတယ်။။
ဟားခါးမြို့က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၆၆)အနီးမှာ မနက်၅နာရီခန့်ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး CDF-Hakhaနဲ့ ချင်းကာကွယ်ရေးရဲဘော်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က မကွေးနဲ့ တံတားဦးလေတပ်ကနေတက်တဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတယ်လို့ သတင်းရရှိပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ CDF-ဟားခါးက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒေသခံတွေလေကြောင်းအန္တရာယ်လုံခြုံရေးအတွက် အထူးသတိထားဖို့ကိုတော့ ချင်းကာကွယ်ရေးရဲဘော်တချို့က သီးခြားသတိပေးပါတယ်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တောင်ကုန်းတစ်ခုပေါ်က မီးခိုးလုံးတွေ ထွက်နေတာကို တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာကို ဒေသခံအချို့တင်ထားတဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။
တိုက်ပွဲသတင်းကိုမထုတ်ပြန်သေးပေမယ့် ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၄ရက်မှာတော့ စစ်တပ်ရွေးကောကိပွဲနဲ့ပတ်သက်တဲ့သတိပေးချက်ကို CDF ဟားခါးက ကြေညာခဲ့ပါတယ်။စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့ နယ် အတွင်း ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်း၊ဝယ်ယူခြင်းမပြုလုပ်ကြဖို့ အသိပေးထားတာဖြစ်ပါတယ်။
စစ်ကောင်စီက ဟားခါးမြို့မှာရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေပြီး ဒေသခံတွေအနေနဲ့ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့CDF Hakhaက သတိပေးထားပါတယ်။
စစ်တပ်ရွေးကောက်ပွဲရက်ပိုင်းအလိုမှာ မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်း ၊ကချင်ပြည်နယ် ၊ချင်းပြည်နယ်စတဲ့ဒေသတွေမှာ စစ်တပ်စခန်းတွေ၊တပ်ရင်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တာကို အရှိန်မြှင့်လိုက်တာတွေ့ရပါတယ် ။
ဟားခါးမြို့က ခလရ(၂၆၆)ကို ချင်းကာကွယ်ရေးတပ်တွေထိုးစစ်ဆင် ဒီဇင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People's Spring ဟားခါးမြို့မှာ…
Posted by People's Spring on Thursday 25 December 2025
ရုပ်သံ-ဒေသခံ


















































