Connect with us

Hi, what are you looking for?

သတင်း

အောင်လံမှာ အလှူမဏ္ဍပ်ကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ်ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

ဇန်နဝါရီ-၂၂၊၂၀၂၆။မိထက်/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

အောင်လံမြို့နယ် တပ်ကုန်းကျေးရွာက ဒေသခံရဲ့ အလှူမဏ္ဍပ်ကို ဒီကနေ့(ဇန်နဝါရီ၂၂ရက်) မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာဖြစ်ပါတယ်။

“အလှူမဏ္ဍပ်ကို တည့်တည့်ကြဲတာပါ။ တပ်ကုန်းကျေးရွာက အောင်လံမြို့နယ်ရဲ့အရှေ့ဘက်မှာရှိတာပါ။ မင်္ဂလာဆောင် လုပ်မယ့်မဏ္ဍပ်လို့လည်းသိရတယ်။ တခြားရွာကလူတွေလည်းကြိုရောက်နေတာမို့ အထိအခိုက်တွေများတယ်”လို့ အောင်လံမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အရပ်သားသေဆုံးမှုသတင်းကို ကြားသိထားပေမယ့် အသေးစိတ်အခြေအနေမသိရှိရသေးဘူးလို့ သရက်မြို့နဲ့ မင်းဘူးမြို့ကပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကဘပြောပါတယ်။

အောင်လံမြို့နယ်မှာ ၂၀၂၆ ဒီဇင်ဘာ ၁၂ရက် ညကလည်း အမှတ်(၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၅)ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ လေးဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခဲပြည်သူ ၅ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့(စက်တင်ဘာ၂၁ရက်) ညနေ၂နာရီ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။