Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့(စက်တင်ဘာ၂၁ရက်) ညနေ၂နာရီ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။

မိုးကုတ်မြို့အနောက်ပိုင်းတနေရာကို စစ်ကောင်စီဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့(စက်တင်ဘာ၂၁ရက်) ညနေ၂နာရီ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။

မိုးကုတ်မြို့တွင် မိုးရွာပြီးမိုးခြိမ်းနေစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အချိန်အတော်ကြာပျံဝဲကာ ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။အရပ်သားနေထိုင်သောနေရာကိုကျရောက်ပေါက်ကွဲခြင်းမရှိ၍ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ဖိုက်တာကဝဲနေတာ။ဗုံးကြဲတဲ့အချိန်မှာမိုးလည်းခြိမ်းတော့ရှင်းရှင်း လင်းလင်းမသိလိုက်ကြရဘူး။ အခု နေပြန်ပွင့်သိရတာ။လူမထိလို့တော်သေး တာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲ၍ နေအိမ်အချို့ ပျက်စီးမှုရှိခဲ့ပြီး လူနေထိုင်ခြင်းမရှိ၍ ကံကောင်းထောက်မခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးကုတ်မြို့သည်တအောင်းအမျိုးသားလွတ်မြောက်ရေတပ်မတော် (TNLA) ထိန်းချုပ်ထားသည်မြို့ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် TNLAသည် ကျောက်မဲမြို့နယ်၊နောင်ပိန်တိုက်နယ်နှင့် နောင်ချိုမြို့နယ်မှ နေရာအချို့တွင် တိုက်ပွဲများဖြစ်နေသည်။

ထို့အပြင် မိုးကုတ်မြို့နှင့် သပိတ်ကျင်းမြို့ကြား နေရာအချို့တွင်လည်း စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည်။

ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။

စစ်ကောင်စီသည် မိုးကုတ်မြို့ကို စက်တင်ဘာ ၁၆ရက်ကလည်း ဗုံးကြဲခဲ့သေးသည်။

မိုးကုတ်မြို့၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲခြင်းဖြစ်ပြီး နေအိမ်လေးလုံးပျက်စီးကာ အရပ်သားတဦးဒဏ်ရာရခဲ့သည်။

လင်းရောင်ခြည်ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင်များခိုလှုံနေသည့်ကျောင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၁၄ရက်တွင် စစ်ကောင်စီကဗုံးကြဲခဲ့ရာ ကိုယ်ဝန်သည်နှင့် ကလေးအချို့အပါအဝင်၂၁ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။