Connect with us

Hi, what are you looking for?

သတင်း

အောင်လံမှာ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၅ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခဲပြည်သူ ၅ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခဲပြည်သူ ၅ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ်-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခဲပြည်သူ ၅ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောင်လံမြို့အပြင်က မှန်ပြတောငါဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က ဖေဖော်ဝါရီလလယ်ကစပြီး လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ် နေရာက မနေ့က မတ်လ ၁ရက်မနက်မှာ တဇန်းကျေးရွာကို ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတချို့က ပြောပါတယ်။

” ရွာဘက်ကို ဒရုန်းဝဲပြီးမှ လက်နက်ကြီးကျတာ။၂လုံးကျတာ။ အိမ်တွေလည်း မီးလောင်တယ်။ သေဆုံးတာက မိသားစုဝင်တွေလို့ ပြောကြတယ်။ မနေရဲလို့ မြို့ပေါ်ကို လာရှောင်သူတချို့ ရှိတယ်” လို့ အောင်လံမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောင်လံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ ၎င်းက ပြောပါတယ်။ သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ တဇန်းရွာဟာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ရွာမို့ ပစ်တာလို့ ရေသားထားကြပါတယ်။

ဒီကနေ့ မတ်လ ၂ရက်မနက်ပိုင်းမှာ စစ်ကောင်စီရဟတ်ယာဉ် ၂စီးနဲ့ ပျံဝဲနေတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၂၂ရက်ကလည်း အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာက အလှူမဏ္ဍပ်ပြုလုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းက နေဗုံးကြဲလို့ လသားအရွယ်ကလေးအပါအဝင် ၃သေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ အောင်လံမြို့နယ်အပါအဝင် သရက်ခရိုင်က မြို့နယ်တွေကို လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေ အရှိန်မြှင့်လာပါတယ်။

မနေ့က မနက်ပိုင်းမှာပဲ မင်းတုန်းမြို့နယ်၊ ပြောင်းရွာက ကုန်ကားစခန်းနေရာကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂၅ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရခဲ့ပါတယ်။

အရပ်သားပြည်သူကိုပစ်မှတ်ထား ဗုံးကြဲတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ၈ဦးကစိုးရိမ်ရတယ်လို့ သရက်ခရိုင်အမှတ်-၄တပ်ရင်းတာဝန်ရှိသူက People’s Springကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။