Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဦးစီးကျင်းပတဲ့ အာဝါဒေးပွဲမှာ ကလေးတစ်ဦး မီးလောင်ဒဏ်ရာရ

ဧရာဝတီတိုင်း၊ အထောင်မြို့မှာ စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ လောင်းကစားနဲ့ ဖျော်ဖြေရေးပွဲတော်(အာဝါဒေးပွဲ)မှာ မျက်လှည့်ပြရင်း ကလေးငယ်တစ်ဦး မီးလောင်ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

ဖေဖော်ဝါရီ-၁၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ အထောင်မြို့မှာ စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ လောင်းကစားနဲ့ ဖျော်ဖြေရေးပွဲတော်(အာဝါဒေးပွဲ)မှာ မျက်လှည့်ပြရင်း ကလေးငယ်တစ်ဦး မီးလောင်ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

အထောင်မြို့ဟာ ဟင်္သာတ-ပုသိမ်လမ်းမကြီးဘေးမှာရှိပြီး အဲ့ဒီမြို့မှာ စစ်ကောင်စီက အာဝါဒေးပွဲ ကျင်းပနေတာပါ။

” မျက်လှည့်ပွဲမှာ ဓာတ်ဆီလောင်းပြီး မီးရှို့တဲ့အခန်းပါတယ်။ ဟင်္သာတဘက်ကလာတဲ့ လောင်းကစားသမားတစ်ယောက်က သူဝင်လုပ်မယ်ဆိုပြီး ကလေးကို ဓာတ်ဆီလောင်းတာမှာ မီးစွဲတာ။ အဲ့လူကို ဖမ်းသွားတယ်”လို့ အထောင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရတဲ့ ကလေးဟာ အသက်(၁၂)နှစ်ခန့်ရှိပြီဖြစ်ပြီး ဆေးရုံတက်ကုသနေရတယ်လို့ သိရပါတယ်။

အာဝါဒေးပွဲဆိုတာ ပျော်ပွဲ၊ရွှင်ပွဲခေါင်းစဉ်နဲ့ ကြက်ဝိုင်း၊ဖဲဝိုင်း၊ ဂျင်တို့လို လောင်းကစားပွဲပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးခွင့်ပြုချက်နဲ့ ဒေသခံလူမိုက်အမည်ခံတွေ၊ ပျူစောထီး‌တွေက မြေပြင်မှာ ဦးစီးပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးပါတယ်။

ပုသိမ်- ဟင်္သာတ-ပြည်လမ်းမကြီးဘေးက မြို့တွေအပါအဝင် ဧရာဝတီတိုင်းထဲကမြို့တွေမှာ စစ်ကောင်စီက အာဝါဒေးပွဲတွေလုပ်ခိုင်းပြီး လူထုကို တော်လှန်ရေးထဲ စိတ်မဝင်စားအောင်နဲ့ ငွေကြေးကျပ်တည်းအောင် လုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” တောကတက်လာတဲ့သူတွေ ထော်လာဂျီတွေ၊ သုံးဘီးကားတွေပေါင်ပြီး လောင်းကစားလုပ်ကြတာ။ဒိုင်တွေက စစ်တပ်နဲ့ ပေါင်းတဲ့ကောင်တွေ။ စပါးပေါ်ချိန် ပဲပေါ်ချိန် တောင်သူတွေငွေကို သဲ့ယူတာ”လို့ အထောင်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့တို့နဲ့ ၁၀မိုင်မှမိုင်၂၀ကြားဝေးတဲ့ လေးမျက်‌နှာမြို့နယ်၊ သာပေါင်းမြို့နယ်‌‌တွေမှာ အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။ အထောင်မြို့ကလည်း လေးမျက်နှာမြို့အနီးမှာ ရှိပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စစ်ကောင်စီကလေ ကြောင်းကနေမကြာခဏဗုံးကြဲနေပြီး တခြားမြို့တွေကိုလည်းတိုက်လေယာဉ်ပျံသန်း ခြိမ်းခြောက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ တိုက်ပွဲမဖြစ်တဲ့ မြို့တွေမှာ အာဝါဒေးပွဲတွေလုပ်နေတာပါ။

အထောင်မြို့ဟာ ကျုံပျော်မြို့နယ်ထဲမှာ ပါပါတယ်။ကျုံပျော်မြို့ဟာ ဧရာဝတီတိုင်းထဲမှာ ၂၀၂၁ အာဏာသိမ်း စစ်တပ်ကို ပထမဆုံး လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။

၂၀၂၁ ဇွန်လ ၅ရက်နေ့က ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် ဒေသခံ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ စစ်ကောင်စီက အကြမ်းဖက်နှိမ့်နင်းခဲ့ပြီး တစ်ဖက်မှာ ဒေသခံတွေ တော်လှန်ရေးကို စိတ်မဝင်စားအောင် လောင်းကစားဝိုင်းတွေ လုပ်ခွင့်ပြုနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။