ဖေဖော်ဝါရီ-၂၊၂၀၂၆။ဇေအောင်/People’s Spring
အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်း အမရပူရမြို့က သံသေကပ်ကျော်ဘုရားကို စစ်ကောင်စီက သွားရောက်လှူဒါန်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မန္တလေးမြို့မှာ ဘုရားစေတီတွေ အများအပြား ပျက်စီးခဲ့ကြတဲ့အနက်အမရပူရမြို့နယ်ကသံသေကပ်ကျော်
ဘုရားကိုတော့ အာဏာသိမ်းစစ်တပ်က ဦးစားပေး ပြင်ဆင်စေခဲ့ကြောင်းဒေသခံများကပြောပါတယ်။
အဲဒီနောက်ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာပဲစစ်ကောင်စီကသံသေကပ်ကျော်ဘုရားမှာ ဂန္ဓကုဋိတိုက် စံကျောင်းတော်ကြီးကို အသစ်ပြန်လည်တည်ဆောက်ခြင်းနဲ့ ရတနာပန္နက်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အဲဒီပွဲကို အာဏာသိမ်းစစ်တပ်ကခန့်ထားတဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်လှူဒါန်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“ကပ်ကျော်ဘုရား မင်းအောင်လှိုင်လာမယ်ဆိုပြီး လမ်းဘေးစျေးသည်တွေအကုန်လုံးကို ပိတ်ခိုင်းတာ”လို့ အမရပူရမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒါ့အပြင် သံသေကပ်ကျော်ဘုရားအနီး ပတ်ပတ်လည်မှာလည်းစစ်တပ်နဲ့ရဲတွေလုံခြုံရေးတွေတင်းကြပ်စွာ ချထားခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
သံသေကပ်ကျော်ဘုရားမှာ ကပ်တွေကို ကျော်လွှားဖို့အတွက် လာရောက်ဆုတောင်းသူတွေ ရှိနေပြီးစစ်ကောင်စီကလည်း ကပ်ကျော်ဘုရားကို ယတြာသဘောနဲ့ ဦးစားပေး ပြန်လည်ဆောက်လုပ်စေခဲ့တာဖြစ်နိုင်ကြောင်း မြို့ခံတွေက ယူဆနေကြပါတယ်။
သံသေကပ်ကျော်ဘုရားဟာ အမရပူရမြိုတည်နန်းတည် ဘိုးတော် ဗဒုံမင်းက သက္ကရာဇ် ၁၁၇၇ ခုနှစ်မှာဗားမဲ့ဆရာတော်ဘုရားကြီးရဲ့ သံသေဓာတ်လုံး ၂၇ လုံးနဲ့ သွန်းလုပ်ပူဇော်ခဲ့တာလို့ သိရပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်အုပ်စုဟာ ဗေဒင်ယတြာတွေကို ယုံကြည်ကြပြီးမန္တလေးမြို့ကို ယတြာအတွက်မကြာခဏသွားရောက်လေ့ရှိတယ်လို့ ဗေဒင်ဆရာတွေနဲ့နီးစပ်သူအချို့ကပြောပါတယ် ။ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဗေဒင်ယတြာတွေမှာ သူအား
ထားတဲ့ ဝစီပိတ် ကိုယ်တော်ဆီကိုလည်းသွားရောက်ခဲ့ပါတယ် ။ ဇန်နဝါရီ ၂၇ ရက်က မင်းအောင်လှိုင်ဟာ မန္တလေးနန်းတွင်းကိုလာပြီး ပြည်တော်ဝင်ယတြာချေဖို့ သတင်းရလို့ Brave Warriors for Myanmar တော်လှန်ရေးတပ်ဖွဲ့ကဦးဆောင်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေး နန်းတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ပြီး ၃ လုံးက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့BWM အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် ။
ဇန်နဝါရီ ၂၇ရက်မနက်အစောပိုင်းမှာ ပေါက်ကွဲသံသုံးကြိမ်ကြားရတာကို မန္တလေးမြို့ကဒေသခံအချို့ကအတည်ပြုပါတယ် ။ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိတယ်လို့ BWMကသတင်းထုတ်ပြန်ထားပေမယ့် People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး ။ဒါပေ
မယ့် အာဏာသိမ်းခေါင်းဆောင်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ ထိုင်းသံအမတ်ကိုတွေ့ဆုံတဲ့သတင်းထုတ်ပြန်မှုနောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်ကနေ စစ်တပ်ဝါဒဖြန့် မီဒီယာ အားလုံးမှာပါ သတင်းမဖော်ပြတော့ပဲ လူမြင်ကွင်းကပျောက်နေတာ အခုသတင်းရေးသားချိန်အချိန်အထိ ၆ ရက်ကျော် ရှိနေပြီဖြစ်ပါတယ်။စစ်တပ်စိတ်တိုင်းကျ စီစဥ်ထားတဲ့ရွေးကောက်ပွဲအပြီး မင်းအောင်လှိုင် ဘာကြောင့် လူမြင်ကွင်းကပျောက်နေတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

















































