Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း ၅ နှစ်ပြည့်မှာ စစ်ကောင်စီက ကပ်ကျော်ဘုရားကိုသွားလှူ

အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်း အမရပူရမြို့က သံသေကပ်ကျော်ဘုရားကို စစ်ကောင်စီက သွားရောက်လှူဒါန်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သံသေကပ်ကျော်ဘုရား ဂန္ဓကုဋိတိုက် စံကျောင်းတော် ပန္နက်တင် အခမ်းအနားမှာ စစ်ကောင်စီ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်စစ်တပ်လက်အောက် ခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဖေဖော်ဝါရီ-၂၊၂၀၂၆။ဇေအောင်/People’s Spring

အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်း အမရပူရမြို့က သံသေကပ်ကျော်ဘုရားကို စစ်ကောင်စီက သွားရောက်လှူဒါန်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မန္တလေးမြို့မှာ ဘုရားစေတီတွေ အများအပြား ပျက်စီးခဲ့ကြတဲ့အနက်အမရပူရမြို့နယ်ကသံသေကပ်ကျော်
ဘုရားကိုတော့ အာဏာသိမ်းစစ်တပ်က ဦးစားပေး ပြင်ဆင်စေခဲ့ကြောင်းဒေသခံများကပြောပါတယ်။

အဲဒီနောက်ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာပဲစစ်ကောင်စီကသံသေကပ်ကျော်ဘုရားမှာ ဂန္ဓကုဋိတိုက် စံကျောင်းတော်ကြီးကို အသစ်ပြန်လည်တည်ဆောက်ခြင်းနဲ့ ရတနာပန္နက်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အဲဒီပွဲကို အာဏာသိမ်းစစ်တပ်ကခန့်ထားတဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်လှူဒါန်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကပ်ကျော်ဘုရား မင်းအောင်လှိုင်လာမယ်ဆိုပြီး လမ်းဘေးစျေးသည်တွေအကုန်လုံးကို ပိတ်ခိုင်းတာ”လို့ အမရပူရမြို့ခံ အမျိုးသမီးတစ်ဦးက​ပြောပါတယ်။

ဒါ့အပြင် သံသေကပ်ကျော်ဘုရားအနီး ပတ်ပတ်လည်မှာလည်းစစ်တပ်နဲ့ရဲတွေလုံခြုံရေးတွေတင်းကြပ်စွာ ချထားခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။

သံသေကပ်ကျော်ဘုရားမှာ ကပ်တွေကို ကျော်လွှားဖို့အတွက် လာရောက်ဆုတောင်းသူတွေ ရှိနေပြီးစစ်ကောင်စီကလည်း ကပ်ကျော်ဘုရားကို ယတြာသဘောနဲ့ ဦးစားပေး ပြန်လည်ဆောက်လုပ်စေခဲ့တာဖြစ်နိုင်ကြောင်း မြို့ခံတွေက ယူဆနေကြပါတယ်။

သံသေကပ်ကျော်ဘုရားဟာ အမရပူရမြိုတည်နန်းတည် ဘိုးတော် ဗဒုံမင်းက သက္ကရာဇ် ၁၁၇၇ ခုနှစ်မှာဗားမဲ့ဆရာတော်ဘုရားကြီးရဲ့ သံသေဓာတ်လုံး ၂၇ လုံးနဲ့ သွန်းလုပ်ပူဇော်ခဲ့တာလို့ သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် နဲ့ စစ်အုပ်စုဟာ ​​ဗေဒင်ယတြာ​တွေကို ယုံကြည်ကြပြီးမန္တ​လေးမြို့ကို ယတြာအတွက်မကြာခဏသွား​ရောက်​လေ့ရှိတယ်လို့ ​​ဗေဒင်ဆရာ​တွေနဲ့နီးစပ်သူအချို့က​ပြောပါတယ် ။ မင်း​အောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ​ဗေဒင်ယတြာ​တွေမှာ သူအား
ထားတဲ့ ဝစီပိတ် ကိုယ်​တော်ဆီကိုလည်းသွား​ရောက်ခဲ့ပါတယ် ။ ဇန်နဝါရီ ၂၇ ရက်က မင်း​အောင်လှိုင်ဟာ မန္တ​လေးနန်းတွင်းကိုလာပြီး ပြည်​တော်ဝင်ယတြာ​ချေဖို့ သတင်းရလို့ ​Brave Warriors for Myanmar တော်လှန်ရေးတပ်ဖွဲ့ကဦးဆောင်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေး နန်းတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ပြီး ၃ လုံးက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့BWM အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် ။ ​

ဇန်နဝါရီ ၂၇ရက်မနက်အ​စောပိုင်းမှာ ​ပေါက်ကွဲသံသုံးကြိမ်ကြားရတာကို မန္တ​လေးမြို့က​ဒေသခံအချို့ကအတည်ပြုပါတယ် ။ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှု​တွေရှိတယ်လို့ BWMကသတင်းထုတ်ပြန်ထား​ပေမယ့် People’s Spring က​သီးခြားအတည်မပြုနိုင်ပါဘူး ။ဒါ​ပေ
မယ့် အာဏာသိမ်း​ခေါင်း​ဆောင်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ ထိုင်းသံအမတ်ကိုတွေ့ဆုံတဲ့သတင်းထုတ်ပြန်မှုနောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်က​နေ စစ်တပ်ဝါဒဖြန့် မီဒီယာ အားလုံးမှာပါ သတင်းမ​ဖော်ပြ​တော့ပဲ လူမြင်ကွင်းက​ပျောက်​နေတာ အခုသတင်း​ရေးသားချိန်အချိန်အထိ ၆ ရက်​ကျော် ရှိ​နေပြီဖြစ်ပါတယ်။စစ်တပ်စိတ်တိုင်းကျ စီစဥ်ထားတဲ့​ရွေး​ကောက်ပွဲအပြီး မင်း​အောင်လှိုင် ဘာ​ကြောင့် လူမြင်ကွင်းက​ပျောက်​နေတာလဲဆိုတာကို​တော့ မသိရ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။